ကလေး-ဖလမ်းသွားကားလမ်းတွင် လမ်းပျက်စီးမှုများဖြစ်ပေါ်ကာ ကားများပိတ်နေ

0
152

ကလေး-ဖလမ်းသွားကားလမ်းတွင် လမ်းပျက်စီးမှုများဖြစ်ပေါ်ကာ ကားများပိတ်နေ

ချင်းပြည်နယ်တွင် ဇူလိုင် ၁၄ ရက်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ကလေး-ဖလမ်းသွားကားလမ်းတွင် လမ်းပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ကားများဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ကလေး-ဖလမ်းသွားကားလမ်း၏ မိုင်တိုင်အမှတ် -၃၂ နှင့် ၃၃ ကြားရှိ ကားလမ်းများ မိုးသည်းထန်စွာရွာသွန်းမှုနှင့်တောင်ကျရေအရှိန်တို့ကြောင့် မြေသားပြတ်ကျ၍ လမ်းပဲ့ကျမှုများဖြစ်ပေါ်လျက်ရှိခြင်းဖြစ်သည်။

“ကားလမ်းရဲ့တခြမ်းကျော်ကျော်လောက်က ပြတ်ကျသွားတာပေါ့ အောက်ကိုပြိုကျတာမဟုတ်ဘဲ ပြတ်သွားတဲ့အနေအထားပါ ကားတွေကတော့ဖြတ်သွားလို့မရတော့ဘူး”ဟုဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


ထိုသို့ ဖြစ်ပေါ်ခဲ့သဖြင့် ဖြတ်သန်းသွားလာမည့် ခရီးသည်တင်ကားများ၊ကုန်တင်ကားများနှင့်ကိုယ်ပိုင်ကားများမှာ ဖြတ်သန်း၍မရသဖြင့် ပြန်လှည့်သွားခဲ့ရကြောင်း သိရသည်။

“လတ်တလောကတော့ သတိပေးတာတွေလုပ်နေရတာပေါ့ ဖြတ်သွားလို့မရဘူးဆိုတာကို နောက် ပြီး သက်ဆိုင်ရာအဖွဲ့တွေကိုလည်းအကြောင်း ကြားထားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

အဆိုပါ ကားလမ်းပြတ်ကျခဲ့သည့်နေရာသည် က လေး-ဖလမ်းသွားကားလမ်း၏ သိုင်းငင်းကျေးရွာနှင့်ဆွလိန်ကျေးရွာကြား၌ ဖြစ်ပေါ်လျက်ရှိခြင်းဖြစ်သည်။

photo- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here