ပြည်ပမှငွေချေးထားသည့် ပြည်တွင်းကုမ္ပဏီ၊အ ဖွဲ့အစည်းများ၏ အတိုးနှင့်အရင်းပြန်ပေးဆပ်ရမည့်ကာလအား လတ်တလောဆိုင်းငံ့ဟု ဗဟိုဘဏ်ထုတ်ပြန်

0
207

ပြည်ပမှငွေချေးထားသည့် ပြည်တွင်းကုမ္ပဏီ၊အ ဖွဲ့အစည်းများ၏ အတိုးနှင့်အရင်းပြန်ပေးဆပ်ရမည့်ကာလအား လတ်တလောဆိုင်းငံ့ဟု ဗဟိုဘဏ်ထုတ်ပြန်

ဗဟိုဘဏ်မှ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ် မ-၂၉(က)အရ ပြည်ပချေးငွေရယူထားသည့် ပြည်တွင်းရှိ ကုမ္ပဏီ၊အဖွဲ့အစည်းများ၏ အတိုးနှင့်အရင်းပြန်ဆပ်ရမည့်ကာလအား လတ်တလောဆိုင်းငံ့ထားဟု ဇူလိုင် ၁၃ ရက်ကထုတ်ပြန်ခဲ့သည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းများအရ ပြည်ပမှ ငွေသားဖြစ်စေ၊ပစ္စည်းဖြစ်စေ ရယူထားသည့် ပြည်တွင်းရှိ ကုမ္ပဏီ၊အဖွဲ့အစည်းများအနေဖြင့် ပြည်ပချေး ငွေ၏ အတိုးနှင့်အရင်းပြန်လည်ပေးဆပ်ခြင်းအား လတ်တလော ဆိုင်းငံ့ထားခြင်းဖြစ်သည်။

ထိုသို့ ဆိုင်းငံ့ခြင်းအား နိုင်ငံခြားသုံးငွေရောင်း ဝယ်ခွင့်ရသည့် AD လိုင်စင်ရဘဏ်များမှ ၎င်းတို့၏ customer များဖြစ်သည့် ပြည်ပချေးငွေရယူထားသည့် ကုမ္ပဏီ၊အဖွဲ့အစည်းအား ချေးငွေအတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရမည့်အစီအ စဉ်(Repayment Schedule)ကို ပြည်ပရှိ ငွေချေးငှားသူ(Lender)များနှင့်ညှိနှိုင်း၍ ပြင်ဆင်ဆောင် ရွက်ရမည်ဟု ဗဟိုဘဏ်ကထုတ်ပြန်ခဲ့သည်။

အလားတူ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ခွင့်ပြုချက်ဖြင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု(၁၀)ရာခိုင်နှုန်းနဲ့အထက်ရှိ ကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေကန့်သတ်ချက်ကင်း လွတ်ခွင့်ပြုထားခြင်းကိုလည်း ပြန်လည်ပယ် ဖျက်ခဲ့ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here