အစ္စရေးအပါအဝင် လေကြောင်းလိုင်းအားလုံးအတွက် ၎င်း၏လေပိုင်နက်ကို ဖွင့်ပေးမည့် ဆော်ဒီအာရေးဗျ

0
168

အစ္စရေးအပါအဝင် လေကြောင်းလိုင်းအားလုံးအတွက် ၎င်း၏လေပိုင်နက်ကို ဖွင့်ပေးမည့် ဆော်ဒီအာရေးဗျ

ဆော်ဒီအာရေဗျနိုင်ငံသို့ သောကြာနေ့တွင် လာရောက်လည်ပတ်မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ကြိုဆိုသည့်အနေဖြင့် အစ္စရေးနိုင်ငံသို့ လေကြောင်း လိုင်းအားလုံးအတွက် လေကြောင်းပိုင်နက်ကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ဆော်ဒီအာရေးဗျသည် ၎င်း၏လေပိုင်နက်ကို အရပ်ဘက်လေကြောင်းလိုင်းများ အားလုံးအတွက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ အစ္စရေးသို့ အပြန်အလှန် လေကြောင်း ပျံသန်းမှုများ ပိုမိုပြုလုပ်နိုင်ရန် လမ်းစဖွင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ဆောဒီအာရေးဗျနိုင်ငံ၏ တိုက်ကြီးသုံးတိုက်ကို ဆက်သွယ်ပေးသည့် ကမ္ဘာ့ဗဟိုချက် ဖြစ်လာစေရန်နှင့် နိုင်ငံတကာ လေကြောင်း ဆက်သွယ်မှုအား တိုးမြှင့်ရန် ရည်ရွယ်ထားသော ကြိုးစားမှုများကို အကောင်အထည်ဖော်ပေးလိမ့်မည်ဟု GACA က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အဆိုပါ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး ပိုမို ပေါင်းစည်း၍ တည်ငြိမ်အေးချမ်းသော အရှေ့အလယ်ပိုင်း ဒေသဖြစ်လာရန်အတွက် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် အစ္စရေးမှ ဆော်ဒီအာရေဗျနိုင်ငံ ဂျဒ်ဒါ မြို့သို့ လေယာဉ်ဖြင့် သွားရောက်မည့် ပထမဆုံး အမေရိကန်သမ္မတ ဖြစ်လာမည် ဖြစ်သည်။

အစ္စလာမ်၏မူလဘူတဖြစ်တဲ့ ဆော်ဒီအာရေးဗီးယားဟာ အစ္စရေးကို အသိအမှတ်မပြုသလို Biden ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား တိုးတက်မှုတွေ ဖြစ်လာနိုင်ချေမရှိဘူးလို့လည်း ပြောကြားထားသည်။

ထိုသို့ နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်နေသော်လည်း ဆော်ဒီအာရေဗျသည် ၂၀၂၀ ခုနှစ်တွင် အစ္စရေး-ယူအေအီး လေကြောင်းလိုင်းများကို ၎င်း၏ပိုင်နက် ဖြတ်ကျော်ရန် သဘောတူခဲ့သည်။

Source: Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here