ဝူဟန်မြို့တွင် အခွံပျော့လိပ်များ၌ ကာလဝမ်းရောဂါ ဖြစ်ပေါ်စေသည့် ဘတ်တီးရီးယားများ တွေ့ရှိ

0
218

ဝူဟန်မြို့တွင် အခွံပျော့လိပ်များ၌ ကာလဝမ်းရောဂါ ဖြစ်ပေါ်စေသည့် ဘတ်တီးရီးယားများ တွေ့ရှိ

ပေကျင်း၊ ဇူလိုင် ၁၅ ရက်

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကာလဝမ်းရောဂါဖြစ်​နေ​သောကျောင်းသားတွင်​တွေ့ရသည့် ဘတ်တီးရီးယားတစ်မျိုးကို စားသောက်ကုန်ဈေးကွက်၌ ရောင်းချရန် နမူနာ ပြထားသော အခွံပျော့ လိပ်များတွင် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ဒေသအာဏာပိုင်များက ကာလဝမ်းရောဂါဖြစ်စေနိုင်သော ရောဂါပိုးကိုတွေ့ရှိခဲ့သည့် အဆိုပါ စားသောက်ကုန်ဈေးတစ်ခုလုံးကို ပိုးသတ်ထားပြီဖြစ်ကြောင်း ကြာသပတေးနေ့​နေလယ်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ အခွံပျော့လိပ်များနှင့် ထိတွေ့ခဲ့သော လူများတွင် ကာလဝမ်းရောဂါမတွေ့ရှိသော်လည်း ၎င်းလိပ်အရောင်းဆိုင်အား သုံးရာကြာ ပိတ်ထားရန် အမိန့်ထုတ်ခဲ့သည်။

တနင်္လာနေ့၌ ထုတ်ပြန်ခဲ့သော ကျောင်းသားတစ်ဦးတွင် vibrio cholera O139 ပိုးဟူသည့် ကာလဝမ်းရောဂါဖြစ်ပွားခြင်းသည် အထက်ပါ အခွံပျော့လိပ်များနှင့် ဆက်စပ်ခြင်းမရှိဟုလည်း အာဏာပိုင်များက ပြောကြားခဲ့သည်။

တာဝန်ရှိသူများက အခြားနေရာများသို့ တင်ပို့ရောင်းချခဲ့သည့် ၎င်းလိပ်အရောင်းဆိုင်မှ အခွံပျော့လိပ်များကိုလည်း လိုက်လံရှာဖွေနေကြောင်း ဝူဟန်မြို့ ဟုန်ရှန်ခရိုင်ရှိ ရောဂါထိန်းချုပ်ရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

ကာလဝမ်းရောဂါ ပျံ့ပွားနေပြီဟူသော သက်သေလက္ခဏာ ခိုင်ခိုင်မာမာ မရှိသော်လည်း လူအများသည် ၎င်းရောဂါကို ကိုဗစ်-၁၉ ကပ်ရောဂါ ကဲ့သို့ ထပ်မံ ပျံ့နှံသွားမည်ကို စိုးရိမ်နေကြသည်။

အဆိုပါ ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောရောဂါသည် လျင်မြန်စွာ ကုသမှုမခံယူပါက အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိပြီး ယင်းရောဂါသည် များသောအားဖြင့် မသန့်သောအစားအစား သို့မဟုတ် ရေတို့ကို သောက်သုံးမိခြင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

သို့ရာတွင် တရုတ်ပြည်မကြီး၌ ကာလဝမ်းရောဂါဖြစ်ပွားမှုသည် ရှားပါးပြီး ၂၀၂၀ ခုနှစ်တွင် ၁၁ ဦးနှင့် ၂၀၂၁ ခုနှစ်တွင် ၅ ဦးသာ ရှိခဲ့၍ သေဆုံးခဲ့မှုများလည်း မရှိခဲ့ချေ။

Source: Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here