ယနေ့ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ (၁၄) ဦး တွေ့ရှိ

0
90

ယနေ့ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ (၁၄) ဦး တွေ့ရှိ

 

မြန်မာနိုင်ငံတွင် ယနေ့ ဇူလိုင်လ (၁၅) ရက်၌ ကိုဗစ် -၁၉ ရောဂါပိုး ကူးစက်ခံရသူ (၁၄) ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ (၁၄) ဦးမှာ ဇူလိုင်လ (၁၄) ရက် ည(၈) နာရီမှ ဇူ လိုင်လ (၁၅) ရက် ည(၈) အထိ ဓာတ်ခွဲနမူနာ (၄,၈၄၆) ခုအား စစ်ဆေးပြီးခဲ့ရာမှ တွေ့ရှိရသည့် စာရင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျန်းမာရေး ဝနကြီးဌာနအနေဖြင့် COVID- 19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီး ကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ရောဂါကူးစက်မှု ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇွန်လကုန်မှစ၍  ဇူလိုင်လ ယခု သီတင်းပတ်အထိ မြန်မာနိုင်ငံ ကိုဗစ် – ၁၉ ကူးစက်ခံရသူ လူနာအ သစ် ၂၀၀ ကျော် အထိရှိလာပြီဖြစ်ပြီး အချို့လူနာများမှာ အိုမီခရွန်မျိုးကွဲသစ် ကူးစက်ခံရသည့် လူနာများ ပါဝင်ကြောင်း သိရသည်။

အိမ်နီးချင်း နိုင်ငံများတွင်လည်း ယခုသီတင်းပတ်များအတွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူဦးရေ မြင့်တက်နေသည့်အတွက် မြန်မာပြည်သူများအနေဖြင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ကြရန်နှင့် ထပ်ဆောင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံကြရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

ယနေ့အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၄၄၇,၂ ၅၁) ခုအားစစ်ဆေးခဲ့ပြီး COVID-19 အတည် ပြုလူနာ စု စုပေါင်း (၆၁၃,၇၉၈) ဦးရှိပြီဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၂,၇၁၂) ဦး ရှိပြီဖြစ် ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်း အချက် အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here