အီရန်၏နျူကလီးယားကို ထိန်းထားနိုင်ဖို့ နောက်ဆုံးနည်းလမ်းအဖြစ်အင်အား သုံးမည်ဟု ဘိုင်ဒင်ပြော

0
102

အီရန်၏နျူကလီးယားကို ထိန်းထားနိုင်ဖို့  နောက်ဆုံးနည်းလမ်းအဖြစ်အင်အား သုံးမည်ဟု ဘိုင်ဒင်ပြော

ဝါရှင်တန်၊ဇူလိုင် ၁၄

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန်နုတ်ထွက်လိုက်မှုအား ကြီးမား​သောအမှားကြီးတစ်ခုဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၃)၌ ထုတ်လွှင့်ခဲ့သော အင်တာဗျူးတစ်ခုတွင်အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကပြောကြားခဲ့သည်။ ယခုအခါအီရန်သည် နျူလက်နက်ပိုင်ဆိုင်ဖို့နီးစပ်နေပြီဟုလည်း၎င်းကပြောသည်။

ဘိုင်ဒင်က အီရန်နျူကလီယားလက်နက် မရရှိစေရန်အတွက် အင်အားသုံးခြင်းကသာ နောက်ဆုံးနည်းလမ်းဖြစ်လိမ့်မည်ဟုဆိုပြီး ၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်ပျက်ပြားသွားမည်ဆိုရင်‌တောင် အီရန်၏အစ္စလာမ်တော်လှန်ရေးအစောင့်တပ် (IRGC) ကို အမေရိကန်နိုင်ငံခြားအကြမ်းဖက်အဖွဲ့ (FTO) စာရင်းတွင်သာ ဆက်လက်ထားရှိမည်ဟု အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် ထရမ့်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို ပိုမိုပြင်းထန်စွာဝေဖန်ခဲ့သည်။၂၀၁၅ ခုနှစ်၌အီရန်က ပိတ်ဆို့အရေးယူခံရခြင်းကို လျှော့ပေါ့စေရန် အင်အားကြီးခြောက်နိုင်ငံနှင့်အတူ ၎င်းအားနျူလက်နက်ရရှိရေး ကြန့်ကြာစေနိုင်သည့်စာချုပ်တွင်လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် ၂၀၁၈ ခုနှစ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အဆိုပါသဘောတူညီချက်များကို ငြင်းပယ်ကာအဖွဲ့မှနှုတ်ထွက်ခဲ့ပြီးအီရန်အပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို ပြန်လည်ချမှတ်ခဲ့သည်။ထရမ့်၏ ဆုံးဖြတ်ချက်ကြောင့် အီရန်သည် သဘောတူညီချက်၏ နျူကလီးယားကန့်သတ်ချက်များကို တစ်နှစ်ခန့်အကြာတွင်စတင်ချိုးဖောက်ခဲ့သည်။

ယခုအချိန်အထိ သဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုများမအောင်မြင်ခဲ့ပေ။သို့သော် အီရန်သည် ပြီးခဲ့သည့်နှစ်ဧပြီလ၌ ဗီယင်နာတွင်ဖွင့်လှစ်ခဲ့သောဆွေးနွေးပွဲများတွင်ပါဝင်ခဲ့သည်။  ထို့ပြင် အီရန်နှင့်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အုပ်ချုပ်ရေးအဖွဲ့တို့အကြား သွယ်ဝိုက်သော ဆွေးနွေးမှုများသည်လည်း သဘောတူညီချက်ကို ပြန်လည်ရရှိရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

Source – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here