နစက ဥက္ကဋ္ဌမှ တာတာစတန်ရှိ PJSC”Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသို့သွား ရောက်လေ့လာ၍ Simulator ဖြင့် ရဟတ်ယာဉ် စမ်းသပ်မောင်းနှင်ခဲ့

0
233

နစက ဥက္ကဋ္ဌမှ တာတာစတန်ရှိ PJSC”Kazan Helicopters”ထုတ်လုပ်ရေးအလုပ်ရုံသို့သွား ရောက်လေ့လာ၍ Simulator ဖြင့် ရဟတ်ယာဉ် စမ်းသပ်မောင်းနှင်ခဲ့

နစက ဥက္ကဋ္ဌသည် တာတာစတန်၊ကာဇန်မြို့ရှိ ၁၉၄၀ ပြည့်နှစ်မှစတင်တည်ထောင်ကာ ရဟတ်ယာဥ်ပေါင်း ၁၂၀၀၀ ကျော်ထုတ်လုပ်ရောင်းချခဲ့ပြီးဖြစ်သည့် PJSC “Kazan Helicopters”ထုတ် လုပ်ရေးအလုပ်ရုံသို့ ဇူလိုင် ၁၃ ရက်က သွား ရောက်လေ့လာ၍ ရဟတ်ယာဥ်စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌအား အလုပ်ရုံတာဝန်ရှိသူများက ရ ဟတ်ယာဉ် ထုတ်လုပ်မှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသရာ သိရှိလိုသည်များအား နစက ဥက္ကဋ္ဌမှ မေးမြန်းဆွေးနွေးခဲ့ပြီးနောက် Simulator ဖြင့် ရဟတ်ယာဉ်စမ်းသပ်မောင်းနှင်ခန်း၌ ကိုယ် တိုင် စမ်းသပ်မောင်းနှင်ခဲ့သည်။


PJSC “Kazan Helicopters”ထုတ်လုပ်ရေးအလုပ် ရုံသည် Rostec Cooperation မှပိုင်ဆိုင်သည့် Russian Helicopters ကုမ္ပဏီ၏အစိတ်အပိုင်းတစ်ခုဖြစ်ကာ Mi-4၊ Mi-8၊ Mi-14၊ Mi-17 နှင့် Ansat အမျိုးအစား ရဟတ်ယာဉ်ပေါင်း ၁၂၀၀၀ ကျော်ထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၁၀၀ သို့တင်ပို့ ရောင်းချခဲ့သည်။


ထို့ပြင် Kazan ရဟတ်ယာဉ်ထုတ်လုပ်ရေးအလုပ် ရုံသည် ၂၀၀၇ ခုနှစ်တွင် Russian Helicopters ဖက်စပ်ကုမ္ပဏီသို့ ဝင်ရောက်ခဲ့ပြီး Mi-38 အလတ် စားဘက်စုံသုံးရဟတ်ယာဉ်အတွက် ရှေ့ပြေးတည်ဆောက်ခြင်းနှင့်အများအပြားထုတ်လုပ်ခြင်းများအား ဆောင်ရွက်လျက်ရှိသည်။

၁၉၄၅ ခုနှစ်မှစတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုတံဆိပ်ပေါင်း ၂၇ ခုကျော်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here