ရန်ကုန်တိုင်းအတွင်း၌ ပြစ်မှုကျူးလွန်ခြင်းမရှိသည့် PDF အဖွဲ့ဝင် ၁၄ ဦးအား မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်

0
186

ရန်ကုန်တိုင်းအတွင်း၌ ပြစ်မှုကျူးလွန်ခြင်းမရှိသည့် PDF အဖွဲ့ဝင် ၁၄ ဦးအား မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်

ရန်ကုန်တိုင်းအတွင်း၌ ဥပဒေဘောင်အတွင်းပြန် လည်ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိသည့် PDF အဖွဲ့ဝင် ၁၄ ဦးအား မိဘများထံပြန် လည်အပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသော ပြစ်မှုကျူးလွန်ခြင်းမရှိသည့် PDF အဖွဲ့ဝင် ၇ ဦးအား ဇူလိုင် ၁၅ ရက်နံနက် ၁၀ နာရီက မိဘများထံပြန်လည်အပ်နှံရာ၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်ခြင်းမရှိသည့် PDF အဖွဲ့ဝင် ၇ ဦးသည် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာ၍ ပထမအကြိမ်အဖြစ် ဇွန် ၁၉ ရက်တွင် မိဘများထံပြန်လည်အပ်နှံပေးခဲ့ပြီး ဇူလိုင် ၁၅ ရက်တွင်လည်း PDF အဖွဲ့ဝင် ၇ ဦးဥပဒေဘောင်အ တွင်း ပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၏ ပြောကြားချက်အရ သိရသည်။

“ဥပဒေဘောင်အတွင်းကိုပြန်ဝင်လာသူတွေကိုလှိုက်လှဲစွာကြိုဆိုပါတယ် ပြန်ဝင်လာသူတွေနဲ့ မိဘတွေအနေနဲ့လည်း အခုလို ကြိုဆိုလက်ခံမှုအခြေအနေတွေကို သက်ဆိုင်သူတွေကိုပြောပြပြီး ထပ်မံစည်းရုံးပေးကြဖို့လိုပါတယ်”ဟု ရန်ကုန် တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းကပြောသည်။

အလားတူ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ် ချုပ်ညွန့်ဝင်းဆွေက ဥပဒေဘောင်အတွင်းပြန် လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်မှုမရှိသော PDF အဖွဲ့ဝင်များအား အသိပညာပေးစ ကားပြောကြားခဲ့သည်။

ထို့နောက် ပြန်လည်ဝင်ရောက်လာသူ ၇ ဦးအား ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်ရန်ကုန်တိုင်းတိုင်းမှူးတို့မှ မိဘများထံစနစ်တကျပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြသည်။

Photo-Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here