အီလွန်မက်စ်၏ဖခင်က မယားပါသမီးနှင့်ကလေးနှစ်ယောက်မွေးဖွားထားကြောင်းဖွင့်ဟ
တက်စ်လာ လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ်အီလွန်မက်စ်၏ ဖခင်အသက် ၇၆ နှစ်အရွယ်ရှိသည့်အယ်လ်ရိုက The Sun နှင့်အင်တာဗျူးတစ်ခုတွင် ၎င်းအနေဖြင့် နောက်အိမ်ထောင်မှပါလာသောသမီး ဂျာနာဘီရှယ်ဒန်ဟောက် (၃၅နှစ်)နှင့် ၂၀၁၉ ခုနှစ်တွင်သမီးတစ်ယောက်မွေးဖွားခဲ့ကြောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ ကမ္ဘာပေါ်မှာရှိနေရခြင်းရဲ့ တစ်ခုတည်းသော အရာကမျိုးပွားဖို့ပဲလေ” ဟု၎င်းကပြောခဲ့သည်။အထူးသဖြင့် Neuralink ရှိ အလုပ် အမှုဆောင်တစ်ဦးနှင့် မကြာသေးမီကအမြွှာရင်သွေးများကို ရရှိခဲ့သော အီလွန်မတ်စ် သည်လည်း ယခုလိုစကားမျိုးဆန်ဆန်ပြောခဲ့ဖူးသည်။(အီလွန်မတ်စ် သည်လည်း ဇနီး ၃ယောက်၊သားသမီး ၁၀ ယောက်ရှိသော မိသားစု မြတ်နိုးသူကြီးဖြစ်သည်)
အယ်လ်ရိုနှင့်ဂျာနာတို့တွင် ၂၀၁၇ ခုနှစ်ကမွေးဖွားခဲ့သော သားတစ်ယောက်လည်းရှိပြီး ယခုတွင်ငါးနှစ်အရွယ်ရှိပြီဖြစ်သည်။ အယ်လ်ရို သည် ၎င်းတို့အနေဖြင့် နောက်ထပ်ကလေးတစ်ယောက်ယူရန် စိတ်ကူးရှိကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
ချမ်းသာသော တောင်အာဖရိက အင်ဂျင်နီယာတစ်ဦးဖြစ်သည့်အယ်လ်ရိုသည် မော်ဒယ်မေရီဟယ်လ်ဒန်မက်စ်နှင့် ၁၉၇၀ ခုနှစ်တွင်ပထမဆုံးလက်ထပ်ခဲ့သည်။အီလွန်မတ်စ်၊ ကင်မ်ဘယ်လ်နှင့် တော့စကာ ဟူ၍ကလေးသုံးယောက်ရှိခဲ့သည်။၎င်းတို့နှစ်ဦးလမ်းခွဲပြီးနောက် ၁၉၇၉ ခုနှစ်တွင် အယ်လ်ရိုသည် ဘီရှယ်ဒန်ဟောက် ၏မိခင် ဟိုင်ဒီနှင့်လက်ထပ်ခဲ့သည်။အယ်လ်ရိုသည် သူမ၏ပထွေးဖြစ်လာသောအခါ ဘီရှယ်ဒန်ဟောက်သည်လေးနှစ်သာရှိသေးသည်။
၎င်းနှင့်ဟိုင်ဒီတို့နှစ်ဦးသည်အိမ်ထောင်သက် ၁၈ နှစ်ကြာခဲ့ပြီး ကလေးနှစ်ယောက်ထပ်မံရရှိခဲ့သည်။
ဂျာနာ့မိခင် ဟိုင်ဒီနှင့် ၁၉၉၇ တွင်လမ်းခွဲခဲ့သည်။
၂၀၁၇ ခုနှစ်တွင် ဂျာနာသည် အယ်လ်ရိုနှင့်ကိုယ်ဝန်ရခဲ့ကြောင်းသိရှိလိုက်ရချိန်တွင် အီလွန်အပါအဝင်ကျန်မိသားစုများနှင့်ပါပြဿနာဖြစ်ခဲ့ကြသည်။ “သူတို့ကဒီလိုဖြစ်ခဲ့တာကိုခုထိ မကြိုက်ကြသေးပါဘူး… သူတို့ရဲ့ အဖေတူမအေကွဲညီမ ကို လက်ခံဖို့နည်းနည်းတော့ ခက်ခဲနေသေးတယ်” ဟုအယ်လ်ရိုက The Sun သို့ပြောကြားခဲ့သည်။
အယ်လ်ရိုသည် အနာဂတ်တွင် ကလေးထပ်ယူရန် စိတ်ကူးကိုမစွန့်လွှတ်သေးပေ၊နောက်ထပ် ကလေးရနိုင်ရင် ယူဦးမှာပါ။ထပ်မယူချင်စရာမရှိပါဘူးဟုလည်း၎င်းကဆိုခဲ့သည်။
အချုပ်ဆိုရသော် အယ်လ်ရို သည် ၁၉၇၀-၁၉၇၉ တွင် ပထမအိမ်ထောင်ဖြင့် သားသမီး ၃ယောက်၊ ၁၉၇၉-၁၉၉၇ ထိဒုတိယအိမ်ထောင်ဖြင့် ကလေး ၂ယောက်၊၂၀၁၇တွင် တတိယ အိမ်ထောင်ဖြင့် သားသမီး ၂ယောက် မွေးဖွားထားသည်။
တတိယဇနီး ဂျာနာ က ဒုတိယအိမ်ထောင်မှမွေးသောကလေးများနှင့် အမေတူအဖေကွဲဖြစ်ပြီး၊ ဂျာနာ မွေးသော ကလေးများက ဒုတိယအိမ်ထောင်၏ကလေးများနှင့် အဖေတူ အမေကွဲ ဖြစ်နေသည့် ဆက်စပ်ရခက်သော မျိုးရိုးစဥ်ပင်ဖြစ်တော့သည်။
Ref: – Wio News