အီလွန်မက်စ်၏ဖခင်က မယားပါသမီးနှင့်ကလေးနှစ်​ယောက်မွေးဖွားထားကြောင်းဖွင့်ဟ

0
166

အီလွန်မက်စ်၏ဖခင်က မယားပါသမီးနှင့်ကလေးနှစ်​ယောက်မွေးဖွားထားကြောင်းဖွင့်ဟ

တက်စ်လာ လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ်အီလွန်မက်စ်၏ ဖခင်အသက် ၇၆ နှစ်အရွယ်ရှိသည့်အယ်လ်ရိုက The Sun နှင့်အင်တာဗျူးတစ်ခုတွင် ၎င်းအနေဖြင့် နောက်အိမ်ထောင်မှပါလာသောသမီး ဂျာနာဘီရှယ်ဒန်ဟောက် (၃၅နှစ်)နှင့် ၂၀၁၉ ခုနှစ်တွင်သမီးတစ်ယောက်မွေးဖွားခဲ့ကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကမ္ဘာပေါ်မှာရှိနေရခြင်းရဲ့ တစ်ခုတည်းသော အရာကမျိုးပွားဖို့ပဲလေ” ဟု၎င်းကပြောခဲ့သည်။အထူးသဖြင့် Neuralink ရှိ အလုပ် အမှုဆောင်တစ်ဦးနှင့် မကြာသေးမီကအမြွှာရင်‌သွေးများကို ရရှိခဲ့သော အီလွန်မတ်စ် သည်လည်း ယခုလိုစကားမျိုးဆန်ဆန်​ပြောခဲ့ဖူးသည်။(အီလွန်မတ်စ် သည်လည်း ဇနီး ၃​ယောက်၊သားသမီး ၁၀ ​ယောက်ရှိ​သော မိသားစု မြတ်နိုးသူကြီးဖြစ်သည်)

အယ်လ်ရိုနှင့်ဂျာနာတို့တွင် ၂၀၁၇ ခုနှစ်က‌မွေးဖွားခဲ့သော သားတစ်ယောက်လည်းရှိပြီး ယခုတွင်ငါးနှစ်အရွယ်ရှိပြီဖြစ်သည်။ အယ်လ်ရို သည် ၎င်းတို့အနေဖြင့် နောက်ထပ်ကလေးတစ်ယောက်ယူရန် စိတ်ကူးရှိကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ချမ်းသာသော တောင်အာဖရိက အင်ဂျင်နီယာတစ်ဦးဖြစ်သည့်အယ်လ်ရိုသည် မော်ဒယ်‌မေရီဟယ်လ်ဒန်မက်စ်နှင့် ၁၉၇၀ ခုနှစ်တွင်ပထမဆုံးလက်ထပ်ခဲ့သည်။အီလွန်မတ်စ်၊ ကင်မ်ဘယ်လ်နှင့် တော့စကာ ဟူ၍ကလေးသုံးယောက်ရှိခဲ့သည်။၎င်းတို့နှစ်ဦးလမ်းခွဲပြီးနောက် ၁၉၇၉ ခုနှစ်တွင် အယ်လ်ရိုသည် ဘီရှယ်ဒန်ဟောက် ၏မိခင် ဟိုင်ဒီနှင့်လက်ထပ်ခဲ့သည်။အယ်လ်ရိုသည် သူမ၏ပထွေးဖြစ်လာသောအခါ ဘီရှယ်ဒန်ဟောက်သည်‌လေးနှစ်သာရှိသေးသည်။

၎င်းနှင့်ဟိုင်ဒီတို့နှစ်ဦးသည်အိမ်ထောင်သက် ၁၈ နှစ်ကြာခဲ့ပြီး ကလေးနှစ်ယောက်ထပ်မံရရှိခဲ့သည်။
ဂျာနာ့မိခင် ဟိုင်ဒီနှင့် ၁၉၉၇ တွင်လမ်းခွဲခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဂျာနာသည် အယ်လ်ရိုနှင့်ကိုယ်ဝန်ရခဲ့ကြောင်းသိရှိလိုက်ရချိန်တွင် အီလွန်အပါအဝင်ကျန်မိသားစုများနှင့်ပါပြဿနာဖြစ်ခဲ့ကြသည်။ “သူတို့ကဒီလိုဖြစ်ခဲ့တာကိုခုထိ မကြိုက်ကြသေးပါဘူး… သူတို့ရဲ့ အ​ဖေတူမ​အေကွဲညီမ ကို လက်ခံဖို့နည်းနည်းတော့ ခက်ခဲနေသေးတယ်” ဟုအယ်လ်ရိုက The Sun သို့ပြောကြားခဲ့သည်။

အယ်လ်ရိုသည် အနာဂတ်တွင် ကလေးထပ်ယူရန် စိတ်ကူးကိုမစွန့်လွှတ်သေးပေ၊နောက်ထပ် ကလေးရနိုင်ရင် ယူဦးမှာပါ။ထပ်မယူချင်စရာမရှိပါဘူးဟုလည်း၎င်းကဆိုခဲ့သည်။

အချုပ်ဆိုရ​သော် အယ်လ်ရို သည် ၁၉၇၀-၁၉၇၉ တွင် ပထမအိမ်​ထောင်ဖြင့် သားသမီး ၃​ယောက်၊ ၁၉၇၉-၁၉၉၇ ထိဒုတိယအိမ်​ထောင်ဖြင့် က​လေး ၂​ယောက်၊၂၀၁၇တွင် တတိယ အိမ်​ထောင်ဖြင့် သားသမီး ၂​ယောက် ​မွေးဖွားထားသည်။

တတိယဇနီး ဂျာနာ က ဒုတိယအိမ်ထောင်မှ​မွေး​သောက​လေးများနှင့် အ​မေတူအ​ဖေကွဲဖြစ်ပြီး၊ ဂျာနာ ​မွေး​သော က​လေးများက ဒုတိယအိမ်​ထောင်၏က​လေးများနှင့် အ​ဖေတူ အ​မေကွဲ ဖြစ်​နေသည့် ဆက်စပ်ရခက်​သော မျိုးရိုးစဥ်ပင်ဖြစ်​တော့သည်။

Ref: – Wio News


LEAVE A REPLY

Please enter your comment!
Please enter your name here