ယနေ့ စက်သုံးဆီစျေးနှုန်း တစ်လီတာလျင် ၁၇၀၀ ကျပ်ထိ ကျဆင်း

0
104

ယနေ့ စက်သုံးဆီစျေးနှုန်း တစ်လီတာလျင် ၁၇၀၀ ကျပ်ထိ ကျဆင်း

စက်သုံးဆီစျေးနှုန်းများဆက်တိုက်ကျဆင်းလာကာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၁၆ ရက်(ယနေ့)ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းအရ ရန်ကုန်တိုင်းအတွင်း တစ်လီတာလျင်ငွေကျပ် ၁၇၀၀ အထိဖြစ်လာခဲ့သည်။

မန္တလေးတိုင်း၊နေပြည်တော်၊ပဲခူး၊မကွေး၊ထား ဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော်တို့တွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ် လီတာလျင် ငွေကျပ် ၁၇၀၀ အထက်၌ရှိသည်။

“ဆီစျေးတွေဆက်တိုက်ကျလာပြီဆိုတော့ ခရီး သည်ကိုကားပတ်မောင်းရင်းရှာလို့ရသွားတာပေါ့ဗျာ၊ ဒီထက်ထပ်ကျလာရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ”ဟု အဌားကားမောင်းသည့် ကိုဇော်မင်းဦးကပြောသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၇၀၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၄၅ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၁၃၀ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာမူ ယမန်နေ့စျေးနှုန်းအတိုင်း တစ်လီတာလျင် ၂၁၉၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၆၀၉ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၆၅၆ ကျပ်အထိကျဆင်းခဲ့ကာ ကျန်ရှိသည့် စက်သုံးဆီလက်ကားစျေးနှုန်းများမှာမူ ယမန်နေ့ကသတ်မှတ်ခဲ့သည့် HSD(500 ppm) တစ်လီတာလျင် ၂၀၂၉ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၀၈၄ ကျပ်စျေးနှုန်းအတိုင်းဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here