ခွန်ဖောင်ခရိုင်၌ မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ဟိုင်းလပ်ကားနှင့် ၆ ဘီးဘောက်စ်ကားတိုက်မိ၍ ၃ ဦးသေဆုံး ၁၃ ဦးဒဏ်ရာရ

0
167

ခွန်ဖောင်ခရိုင်၌ မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ဟိုင်းလပ်ကားနှင့် ၆ ဘီးဘောက်စ်ကားတိုက်မိ၍ ၃ ဦးသေဆုံး ၁၃ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ၊ခွန်ဖောင်ခရိုင်၊ထာ့စဲ့မြို့နယ်၊ထာ့ခမ်းကျေးရွာအနီးရှိ ဖေ့ချကစင်လမ်းမကြီးပေါ်၌ ဇူ လိုင် ၁၅ ရက်ည ၁၀ နာရီကျော်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများအား တင်ဆောင်လာသည့် ဟိုင်းလပ်ကားသည် ကျေးရွာလမ်းမှဖေ့ချကစင်လမ်းပေါ်သို့ အရှိန်ဖြင့်တက်စဥ် လမ်းမကြီးအတိုင်းမောင်းနှင်လာသည့် ၆ ဘီးဘောက်စ်ကားဖြင့်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်မိမှုကြောင့် မြန်မာနိုင်ငံသား ၂ ဦးနှင့်ဟိုင်းလပ်ကားမောင်းသည့် အသက်(၄၃)နှစ်ရှိ ထိုင်းနိုင်ငံသားတို့မှာ ထိခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ ဟိုင်းလပ်ကားပေါ်၌လိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့်အမျိုးသမီး ၅ ဦး(စုစုပေါင်း ၁၃ ဦး)တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ထိုင်းနိုင်ငံလူမှုကူညီ‌ရေးအသင်းများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အခင်းဖြစ်စဥ်အား တာဝန်ရှိသူများကစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး တရားမဝင်ဝင်ရောက် လာသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here