အီရန်အား နျူကလီယားလက်နက် ပိုင်ဆိုင်ခြင်းမှ တားမြစ်ရန် သဘောတူခဲ့ကြသည့် အမေရိကနှင့် ဆော်ဒီအာရေးဗျ

0
169

အီရန်အား နျူကလီယားလက်နက် ပိုင်ဆိုင်ခြင်းမှ တားမြစ်ရန် သဘောတူခဲ့ကြသည့် အမေရိကနှင့် ဆော်ဒီအာရေးဗျ

အမေရိကနှင့် ဆော်ဒီအာရေးဗျတိုသည် အီရန်အား နျူကလီးယားလက်နက် လက်ဝယ်ပိုင်ဆိုင်ခြင်းမှ ရပ်တန့်ရန် သဘောတူညီခဲ့ကြကြောင်း ဆော်ဒီနိုင်ငံပိုင်သတင်းအေဂျင်စီ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် ဘိုင်ဒင်က ဆော်ဒီအာရေးဗျ၏ လုံခြုံရေးနှင့် နယ်မြေကာကွယ်ရေးအတွက် အကူအညီများပေးရန်အပြင် ၎င်း၏ နိုင်ငံသားများနှင့် ပိုင်နက်နယ်မြေအား ပြည်ပခြိမ်းခြောက်မှုများမှ ကာကွယ်ရန်အတွက် လိုအပ်သော စွမ်းရည်များရရှိစေရန် ကူညီပေးမည့် အမေရိက၏ ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယခုလက်ရှိ ဆော်ဒီအာရေးဗျနိုင်ငံ၌ ရောက်ရှိနေပြီး အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့် သောကြာနေ့(မနေ့)က တွေ့ဆုံခဲ့သည်။

ဆော်ဒီအာရေးဗျနှင့် အမေရိကတိုသည် အီရန်က အခြားနိုင်ငံများ၏ ပြည်တွင်းရေး၌ ဝင်ရောက်စွက်ဖက်မှု၊ ၎င်း၏လက်နက်ကိုင်တပ်ဖွဲများမှ တစ်ဆင့် အကြမ်းဖက်ဝါဒကို ပံ့ပိုးကူညီမှုနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းမှုများကို ဟန့်တားရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

အာရှ အရှေ့အလယ်ပိုင်းဒေသရှိ ရှီးယားနှင့် ဆွန်နီ မွတ်စလင် အင်အားကြီးနိုင်ငံများဖြစ်သည့် ဆော်ဒီအာရေးဗျနှင့် အီရန်တို့သည် ဒေသတွင်း ဖြစ်ပွားနေသော စစ်ပွဲများအတွင်း ထောက်ခံအားပေးရာ နိုင်ငံများမတူညီရာမှစ၍ ၂၀၁၆ ခုနှစ်တွင် နှစ်နိုင်ငံ ဆက်ဆံရေးပြတ်တောက်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အီရန်သည် စီးပွားရေးပိတ်ဆို့ခံရမှုမှ သက်သာရာရစေရန်အတွက် အဓိကအင်အားကြီးခြောက်နိုင်ငံနှင့် ၎င်း၏ နျူးကလီးယားအစီအစဉ်အား ကန့်သတ်မည့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အီရန်က ၎င်း၏နျူးကလီးယားအစီအစဉ်သည် အရပ်ဘက်အဏုမြူစွမ်းအင် ရှာဖွေရန်အတွက်သာ ဖြစ်သည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်သည် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည်အထိ စွမ်းအင်လုံလောက်မှုမရှိကြောင်း ပြောဆိုကာ အထက်ပါ သဘောတူညီချက်မှ နုတ်ထွက်ခဲ့သည်။

ထိုနောက်ပိုင်း၌ အီရန်သည် အဆိုပါသဘောတူညီချက်နှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့နှင့် ပြန်လည်ဆွေးနွေးမှုပြုလုပ်နိုင်ရန် နျူကလီးယားဆိုင်ရာလှုပ်ရှားမှုအချို့ကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။

Source: CNA

 


LEAVE A REPLY

Please enter your comment!
Please enter your name here