မင်္ဂလာတောင်ညွန့်မြို့နယ်တရားသူကြီးဦးစန်းလင်း သေနတ်ဖြင့်ပစ်သတ်ခံရ

0
345

မင်္ဂလာတောင်ညွန့်မြို့နယ်တရားသူကြီးဦးစန်းလင်း သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီးဦးစန်းလင်းသည် ဇူလိုင် ၁၅ ရက်ည ၇ နာရီခွဲကျော်က သေ နတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်တရားသူကြီးဦးစန်းလင်းသည် မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်၌နေ ထိုင်သူဖြစ်ကာ အခင်းဖြစ်ချိန်၌ အဌားကားဖြင့်နေအိမ်သို့ပြန်လာစဥ် အမည်မသိအမျိုးသားများ ၏ သေနတ်ဖြင့်ပစ်ခတ်ခြင်းအားခံခဲ့ရခြင်းဖြစ် သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မင်္ဂလာတောင်ညွှန့်မြို့ နယ်တရားသူကြီးဦးစန်းလင်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်စဥ်၌ ဦးစန်းလင်းစီးနင်းလာသည့် အဌားကားမောင်းသူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွှန့်မြို့နယ်တရားသူကြီးဦးစန်းလင်းအား မြို့ပြပြောက်ကျားအဖွဲ့ Special Task Agency of Burma(STA)မှ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာ မျက်နှာ၌ ထုတ်ပြန်ရေးသားထားသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here