လောင်းလုံးမြို့နယ်၌ နေအိမ်၌ရှိနေသည့် အမျိုး သားတစ်ဦးအား သေနတ်ဖြင့်ဝင်ရောက်ပစ်သတ်မှုဖြစ်ပွား

0
138

လောင်းလုံးမြို့နယ်၌ နေအိမ်၌ရှိနေသည့် အမျိုး သားတစ်ဦးအား သေနတ်ဖြင့်ဝင်ရောက်ပစ်သတ်မှုဖြစ်ပွား

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊အောင်ရေဖြူကျေးရွာအုပ်စု၊ပိန္နဲတောကျေးရွာတွင် နေအိမ်၌ရှိနေသည့် အမျိုးသားတစ်ဦးအား သေနတ်ဖြင့်ဝင်ရောက်ပစ်သတ်ခဲ့မှု ဇူလိုင် ၁၆ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရသူသည် ဦးထွန်းထွန်းဝင်းဆိုသူဖြစ်ကာ အမည်မသိအမျိုးသားများက နံနက် ၆ နာရီကျော်ခန့်တွင် နေအိမ်အ တွင်းသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“သေနတ်သံတွေတော့ကြားလိုက်တယ် နောက်မှသိရတာ ဦးထွန်းထွန်းဝင်းသေနတ်နဲ့ပစ်သတ်ခံရတာကို သူကရွာမှာ ပျူစောထီးဆိုပြီး နာမည်ထွက်နေတာတော့သိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးထွန်းထွန်းဝင်းမှာကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်း ဖြစ်နေရာ၌သေဆုံးသွားသဖြင့် မြို့နယ်ဆေးရုံရင်ခွဲရုံသို့ လူမှုကူညီရေးအသင်းကားဖြင့် ပို့ ဆောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

> Daw Thet Wai:
🖼 Photo


LEAVE A REPLY

Please enter your comment!
Please enter your name here