သိန္နီနှင့်မူဆယ်မြို့နယ်တို့တွင် ထိန်းချုပ်ဓာတု ပစ္စည်းများဖမ်းဆီးရမိ

0
288

သိန္နီနှင့်မူဆယ်မြို့နယ်တို့တွင် ထိန်းချုပ်ဓာတု ပစ္စည်းများဖမ်းဆီးရမိ

ရှမ်းပြည်(မြောက်ပိုင်း)ရှိ သိန္နီမြို့နယ်နှင့်မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဇူလိုင် ၁၁ ရက်ကဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၉ နာရီခွဲက သိန္နီမြို့နယ်၊ပန်စုံကျေး ရွာအနီးရှိ မန္တလေး-မူဆယ်သွားကားလမ်းတွင် မူဆယ်ဘက်မှမန္တလေးဘက်သို့ ကိုတင်အောင်လှ မောင်းနှင်ကာ ကိုလှငွေ လိုက်လာသည့် TOYOTA HIACE ကားအား သတင်းအရရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာကားပေါ်မှ ဆိုဒီယမ်အက်စီတိတ် (၂ ဒသမ ၅ တန်)အား သိမ်းဆည်းရမိခဲ့သဖြင့်စစ် ဆေးရာ မွန်းတည့် ၁၂ နာရီတွင် လားရှိုးမြို့၊ရပ် ကွက်(၁၂)၊မီးပွိုင့်လမ်းဆုံ၌ အဆိုပါ ပစ္စည်းများအား တာဝန်ခံသယ်ဆောင်သူ ကိုအားဖျင်နှင့် ကိုအားဆန်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် စစ်ဆေးဖော်ထုတ်မှုများအရ မူဆယ်မြို့၊ကောင်းမှုတုံရပ်ကွက်၊စက်မှုနယ်မြေရှိ အုတ်စက်ရုံဂိုဒေါင်အား မွန်းလွဲ ၂ နာရီတွင် ဝင်ရောက်ရှာဖွေရာ ဂိုဒေါင်တာဝန်ခံ ကိုဟန်မင်းအောင်(ခ)ထက်ကြီးနှင့်မခိုင်စုနွယ်(ခ)ခိုင်စု တို့အား တရားမဝင်သိုလှောင်ထားသည့် ဆိုဒီယမ်အက်စီတိတ်(၁ ဒသမ ၂၅ တန်)၊ပိုတက်စီယမ်ဆာလဖိတ်(၂ ဒသမ ၄ တန်)၊ဆိုဒီယမ်ကာဗွန်နိတ်(၆ ဒသမ ၇၅ တန်)၊ဆိုဒီယမ်ကလိုရိုက်(၃၈၀ ကီလို)၊ ဓာတုပစ္စည်းအနံ့နှင့်ဓာတ်ငွေ့ကာမျက်နှာဖုံး ၁၈ ခုနှင့်တွဲလျက်အသုံးပြုရသည့် လေစစ်ဇကာ ၁၀၅ ခု တို့အားဖမ်းဆီးရမိခဲ့သည်။

အလားတူ ညနေ ၅ နာရီတွင်လည်း မူဆယ်မြို့၊စွမ်စော်ရပ်ကွက်၊စွမ်စော်(၄)လမ်းရှိ ဂိုဒေါင်အားထပ် မံရှာဖွေရာ ဂိုဒေါင်စောင့် ကိုသူရကျော်အား ဆိုဒီယမ်အက်စီတိတ်(၁ ဒသမ ၅၅ တန်)နှင့်အတူ ဖမ်း ဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here