နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေစာရင်းမှ နိုင်ငံခြားငွေများအား မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်

0
134

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အစည်း အဝေးအမှတ်စဉ်(၃၂/၂၀၂၂)၏ ဆုံးဖြတ်ချက်အား ဗဟိုဘဏ်မှ ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးမှ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာ ခိုင်နှုန်း အထိပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေစာရင်းမှ နိုင်ငံခြားငွေများအား မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း အထိပါဝင်သည့် မြန်မာကုမ္ပဏီများ၏ စာရင်းအား ဗဟိုဘဏ်သို့ ပေးပို့ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက် ကားခွင့်(AD)လိုင်စင်ရဘဏ်များသို့ ထုတ်ပြန် ကြေညာချက်နှင့်အတူ နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်း အထိပါဝင်သည့် မြန်မာကုမ္ပဏီများ၏စာရင်းအား ဗဟိုဘဏ်မှပေးပို့ခဲ့သည်။

AD လိုင်စင်ရဘဏ်များမှ မိမိတို့ဘဏ်တွင် စာ ရင်းဖွင့်လှစ်ထားသည့် ကုမ္ပဏီများ၏ နိုင်ငံခြား ငွေစာရင်းလက်ကျန်အား ဇယားတွင် ဖြည့်စွက်၍ ဇူလိုင် ၁၅ ရက်ည ၆ နာရီနောက်ဆုံးထား၍ email ဖြင့်ပေးပို့ရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အတူ မိမိတို့ဘဏ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ လက် ကျန်ငွေအား မြန်မာကျပ်ငွေဖြင့် လဲလှယ်ဝယ်ယူခြင်းကို မြန်ဆန်စွာဆောင်ရွက်၍ ဝယ်ယူရရှိသည့်ပမာဏအား ဇူလိုင် ၁၈ ရက်ည ၆ နာရီနောက်ဆုံးထား၍ Bank-Customer (Bid) နှင့် Non-Trade Inward (Real Time – R)စာရင်းများတွင်ထည့် သွင်းတင်ပြရမည်ဟု အသိပေးထုတ်ပြန်အ ကြောင်းကြားခဲ့သည်။

ထိုသို့ ညွှန်ကြားထားမှုများအား လိုက်နာဆောင် ရွက်ခြင်းမရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပ ဒေပုဒ်မ-၃၅ အရ အရေးယူသွားမည်ဟု ဗဟိုဘဏ်မှအသိပေးထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here