ပဲ‌၊‌ပြောင်း ဆီထွက်သီးနှံများကို နယ်စပ်မှ တင်ပို့ရာတွင် ကန်ဒေါ်လာဖြင့်သာ ပေးချေရမည့်ကိစ္စ မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း စီး/ကူး ဝန်ကြီးဌာနပြော

0
68

ပဲ‌၊‌ပြောင်း ဆီထွက်သီးနှံများကို နယ်စပ်မှ တင်ပို့ရာတွင် ကန်ဒေါ်လာဖြင့်သာ ပေးချေရမည့်ကိစ္စ မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း စီး/ကူး ဝန်ကြီးဌာနပြော

နယ်စပ် ကုန်သွယ်မှုကဏ္ဍမှ ပဲ‌၊ ပြောင်းနှင့် ဆီထွက်သီးနှံများတင်ပို့ရာတွင် အမေရိကန်ဒေါ် လာဖြင့်သာ ပေးချေရမည်ဆိုသည့် ညွှန်ကြားချက်သည် လက်ရှိ နိုင်ငံခြားငွေ မူဝါဒနှင့်အညီ ထိန်းကျောင်းဆောင် ရွက်ခြင်းသာဖြစ် ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနမှ သိရသည်။

ယင်းသို့ လုပ်ဆောင်ရာတွင်လည်း မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့မည့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းမြေပဲနဲ့ ဆီထွက်သီးနှံများ တင်ပို့မှုအတွက်သာဖြစ်ပြီး အခြားကဏ္ဍများအတွက် ယွမ်ငွေ၊ ဘတ်ငွေနှင့် ဗဟိုဘဏ်မှခွင့်ပြုထားသည့်ငွေကြေးဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ထို့အပြင် နယ်စပ်ဂိတ်များမှတဆင့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းမြေပဲနှင့် ဆီထွက်သီးနှံများ တင်ပို့ရာတွင်လည်း ပို့ကုန်ရငွေလိုင်စင်နှင့်အတူ ဘဏ်အထောက်အထားပြနိုင်မှသာ တင်ပို့ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာနမှ သိရသည်။

” လက်ရှိ နိုင်ငံခြားငွေ မူဝါဒနဲ့အညီ ကုန်ပစ္စည်း တင်သွင်းမှု၊ တင်ပို့မှုများကို ထိန်းကျောင်းဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံရဲ့ လိုအပ်ချက်အရ ပြည်ပကို ပဲ၊ ပြောင်း၊ နှမ်းနဲ့ ဆီထွက်သီးနှံများ တင်ပို့ခြင်းကို အမေရိကန်ဒေါ်လာဖြင့်သာ တင်ပို့ရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု စီးပွားကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

နယ်စပ်ဂိတ်များမှ တဆင့် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ရာတွင် ပို့ကုန်ရငွေလိုင်စင်နှင့်အတူ ဘဏ်အထောက်အ ထားပြရမည့် စနစ်ကို ဇူလိူင် ၁၄ ရက်မှ စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံ တင်ပို့ဖို့ ပို့ကုန်ရငွေ ရရှိကြောင်း သက်ဆိုင်ရာဘဏ်များမှ ပို့ကုန်ရငွေ ဘဏ်အထောက်အထား Bank Certificate, (TT) နှင့် ပို့ကုန်လိုင်စင်ပါ ပူးတွဲပြီး တင်ပို့ခွင့်လျှောက်ထားလာမှသာ ED ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ေကြာင်း လည်း သိရသည်။

ပို့ကုန်ရငွေများကို နယ်စပ်ဂိတ်များမှ ကုန်ပစ္စည်း တင်ပို့ပြီး (၄၅) ရက်အတွင်း ပို့ကုန်ရငွေက ပြည်တွင်းဘဏ်ဆီကို မဖြစ်မနေဝင်ရောက်ရမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုမှရရှိသည့် ပို့ကုန်ရငွေကိုလည်း ဗဟိုဘဏ်ကို တစ်ဒေါ် လာလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့် ပြန်သွင်းရမည်ဟုလည်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဗဟိုဘဏ် မှတာဝန်ရှိသူ တစ်ဦးက ” စီးပွားရေးနှင့် ကူးသန်းရောင်းဝ ယ်ရေး ဝန်ကြီးဌာနရဲ့ မူဝါဒအရ ပြောင်းလဲပြင်ဆင်ခြင်း ဖြစ်တဲ့အတွက် ဗဟိုဘဏ်အနေနဲ့ သဘောထားမှတ်ချက်ပေးရန် မရှိဘူး” ဟု ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here