မြန်မာနိုင်ငံသို့ စိုက်ပျိုးကုန်တင်ပို့မှု ကမ္ဘောဒီးယား မြှင့်တင်

0
137

မြန်မာနိုင်ငံသို့ စိုက်ပျိုးကုန်တင်ပို့မှု ကမ္ဘောဒီးယား မြှင့်တင်

ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အာဆီယံနှစ်နိုင်ငံကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန်အတွက် မြန်မာနိုင်ငံသို့စိုက်ပျိုးထွက်ကုန်များ တင်ပို့နိုင်ရေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ဇူလိုင်လ ၁၄ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တွေ့ဆုံရာတွင် ကမ္ဘောဒီးယားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Pan Sorasak က ကမ္ဘောဒီးယားနိုင်ငံမှလယ်ယာထွက်ကုန်များ တင်သွင်းမှုမြှင့်တင်နိုင်ခြေကို သုံးသပ်ပေးရန် မြန်မာဘက်သို့တောင်းဆိုခဲ့သည်။

လယ်ယာထွက်ကုန်များတွင် သရက်သီး၊ ငှက်ပျောသီး၊ ထောပတ်သီး၊ သီဟိုဠ်စေ့၊ ကန်စွန်းဥ၊ ငရုတ်ကောင်း၊ နှမ်းနှင့် ထန်းလျက်တို့ပါဝင်သည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံရှိ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် ကမ္ဘောဒီးယား၏ စီးပွားရေးသည် မူလ အခြေအနေသို့ပြန်လည်ရှိရေးနှင့်ဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မဟာဗျူဟာကိုဧည့်သည်တော်များအား ရှင်းလင်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံတမန်အကြီးအကဲကမူ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းခိုင်ခံ့အောင် ချဲ့ထွင်ရန် ကတိကဝတ်ပြုကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင်၎င်းက အခွန်နှစ်ထပ်ဆောင်ခြင်း နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့အပါအဝင် အခြားအရေးကြီးသော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ခြေကို ထည့်သွင်း စဉ်းစားရန်ကိုလည်းထပ်မံ အလေးပေးပြောကြားခဲ့သည်။

နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်ရေး နှင့် နှစ်နိုင်ငံကုန်သည်ကြီးများအပါအဝင်ပုဂ္ဂလိက ကဏ္ဍအကြား ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှု နှင့် စီးပွားရေးလုပ်ငန်းခရီးများ အပြန်အလှန် လည်ပတ်ခြင်း၊ ပြပွဲ လှုပ်ရှားမှု နှင့် ပို့ကုန်မြှင့်တင်ရန် အလားအလာကောင်းရှိသော ကုန်ပစ္စည်း များအကြောင်းဆွေးနွေးခြင်းတို့ကိုလည်း ပြလုပ်ခဲ့ကြသည်။

နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ခြင်း၊ညှိုနှိုင်းဆောင်ရွက်ခြင်းများကိုအားပေးသွားမည်ဟု နှစ်ဖက်စလုံးမှကတိကဝတ်ပြုခဲ့ကြသည်။

၂၀၂၀ ခုနှစ်တွင် နှစ်ဖက်ကုန်သွယ်မှုသည် ဒေါ်လာ ၂၈ ဒသမ ၂ သန်းအထိ မြင့်တက်ခဲ့ကြောင်း Trading Economics မှသိရသည်။

Source – Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here