Novosibirsk နှင့်မြန်မာနိုင်ငံအား တိုက်ရိုက်လေ ကြောင်းလိုင်း ပြေးဆွဲပျံသန်းရေးဆောင်ရွက်မည်

0
204

Novosibirsk နှင့်မြန်မာနိုင်ငံအား တိုက်ရိုက်လေ ကြောင်းလိုင်း ပြေးဆွဲပျံသန်းရေးဆောင်ရွက်မည်

နစက ဥက္ကဋ္ဌနှင့် Novosibirsk အစိုးရအဖွဲ့အကြီး အကဲ Mr. Andrey Alexandrovich Travnikov တို့ ဇူလိုင် ၁၆ ရက်က အစိုးရအဖွဲ့ရုံး၌တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံရာ၌ Novosibirsk ဒေသ၏ပထဝီဆိုင်ရာအချက်အလက်များအရ စီးပွားရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုများအား အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေ၊နှစ်နိုင်ငံပို့ကုန်၊သွင်းကုန်များ အပြန်အလှန်တင်ပို့ဆောင်ရွက်နိုင်မည့် အခြေအနေ၊ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။


အလားတူ Novosibirsk နှင့်မြန်မာနိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပျံသန်းနိုင်မည့် အခြေအနေ၊ Novosibirsk ဒေသတွင် နယ်ပယ်ကဏ္ဍအသီးသီးမှ အဆင့်မြင့်တက္ကသိုလ်ပေါင်း ၂၂ ခုရှိ၍ပညာရေးနယ်ပယ်၌ မြန်မာနိုင်ငံနှင့်ပူး ပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ရုရှားနိုင်ငံတွင်ကျင်းပမည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့စေလွှတ်ပေးနိုင်ရေးနှင့်သိပ္ပံနှင့်နည်းပညာကဏ္ဍအတွက် လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်သည့် အခြေအနေ၊ယဉ်ကျေးမှုနယ်ပယ်တွင်လည်း အပြန်အလှန်ဖလှယ်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်းဆွေးနွေးခဲ့ကြသည်။


ထို့ပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများအား စစ်ဘက်၊နယ်ဘက်ကဏ္ဍပေါင်းစုံ၌ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအ နေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် Novosibirsk မြို့ Marriott Hotel အနီးရှိ ကမ္ဘာ့အကြီးဆုံးပြဇာတ်ရုံများ အနက်တစ်ခုဖြစ်သည့် ရှေးဟောင်းသမိုင်း ဝင် Novosibirsk State Academic Opera and Ballet Theatre အားသွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။


ထိုသို့ကြည့်ရှုလေ့လာပြီးနောက် နစက ဥက္ကဋ္ဌသည် ဇူလိုင် ၁၆ ရက်မွန်းလွဲပိုင်း၌ ရုရှားနိုင်ငံ၊Novosibirsk မြို့ရှိ Tolmachevo လေဆိပ်မှမြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း(MAI) အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ကြသည်။


နစက ဥက္ကဋ္ဌ၏ ခရီးစဥ်အတွင်း၌ ရုရှားနိုင်ငံ၊ကာလုဂါပြည်နယ်၊အတနာမီကမ္ဘာ့ယဉ်ကျေးမှုမြို့ တော်အတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီးအား ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်၊ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့်ဗုဒ္ဓါဘိသေကာ အနေကဇာတင်မင်္ဂလာ အခမ်းအနားပြုလုပ်ခြင်း၊ စစ်ဘက်၊အရပ်ဘက်မှတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခြင်းတို့အားပြုလုပ်ခဲ့သည်။


အလားတူ ရုရှားနိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့်စက်ရုံ၊အလုပ်ရုံများအား ကြည့်ရှုလေ့လာခဲ့ပြီး နှစ်နိုင်ငံအစိုးရနှင့်တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရေးနှင့်ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊စစ်ဘက်နည်းပညာဆိုင်ရာကဏ္ဍ၊သိပ္ပံနှင့်နည်းပညာကဏ္ဍ၊သုတေသနလုပ်ငန်းကဏ္ဍ၊လူစွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးကဏ္ဍ၊စီးပွားရေးလုပ်ငန်းဖွံဖြိုးတိုးတက်မှုကဏ္ဍ၊ယဉ်ကျေးမှုကဏ္ဍနှင့် အခြာကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရန် ဆွေးနွေးခဲ့သည်။

နစက ဥက္ကဋ္ဌသည် ဇူလိုင် ၁၆ ရက်ညပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here