လူ (၁) သိန်းတွင် (၁၀) ဦးအောက်သာ တီဘီဖြစ်ပွားနိုင် သည်အထိ လျှော့ချသွားနိုင်ရေး ကြိုးစားနေဟုဆို

0
155

 

လူ (၁) သိန်းတွင် (၁၀) ဦးအောက်သာ တီဘီဖြစ်ပွားနိုင် သည်အထိ လျှော့ချသွားနိုင်ရေး ကြိုးစားနေဟုဆို

မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုနှုန်းကို ၂၀၃၅ ခုနှစ်သို့ ရောက်ရှိပါက လူအယောက် (၁) သိန်းလျှင် (၁၀) ဦး အောက်အထိသာ ရှိသည်အထိ လျှော့ချသွားနိုင်ရန် မဟာဗျူဟာချမှတ် လုပ်ဆောင်နေကြောင်း ကျန်းမာရေး ဝန် ကြီးဌာနမှ သိရသည်။

ဇူလိုင်လ (၁၅) ရက် နံနက်ပိုင်းက ကျန်းမာရေး ဝန်ကြီးဌာ နတွင် ပြုလုပ်သည့် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း နှစ်ပတ်လည် အစည်းအဝေးတွင် ကျန်းမာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ပြည်တွင်း/ ပြည် ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ တီဘီရော ဂါ တိုက်ဖျက်ရေးလုပ်ငန်းများအား အမျိုးသားမဟာ ဗျူ ဟာစီမံကိန်း ၂၀၂၁-၂၀၂၅ နှင့် အညီ ဆောင်ရွက်လျက်ရှိရာမှာ အမျိုးသားမဟာဗျူဟာ ပန်းတိုင်ဖြစ်သည့် “၂၀၃၅ ခုနှစ်တွင် လူဦးရေ တစ်သိန်းတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်း (၁၀)ဦးအောက် လျော့နည်းစေရေး”ဆိုတဲ့ ရည်မှန်း ချက်ကို ပြည့်မီအောင် ကြိုးစားဆောင်ရွက်လျက် ရှိပါတ ယ်” ဟု ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သက်ဆိုင်ရာကဏ္ဍအလိုက် အားနည်းချက်၊ အားသာချက်များကို အခြေခံ၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြပြီး ဖြစ်နိုင်ခြေရှိသော လုပ် ငန်းစဉ်များကို  ယခုနှစ်ပတ်လည် အစည်းအဝေးတွင် ချ မှတ်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။

ထို့အပြင် ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် မိတ်ဖက်အ ဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လူတိုင်း လက်လှမ်းမီရရှိနိုင်သော အခြေခံကျန်းမာရေး စောင့်ရှောက်မှုများရရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် စီမံချက်မန်နေဂျာ ဒေါက်တာသန်းသန်းလွင်မှ တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်း၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများမှ (၂၀၂၁)ခုနှစ်အတွင်း လုပ် ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here