အုတ်တွင်းမြို့နယ်၌ မိခင်ဖြစ်သူအားသတ်ဖြတ်ကာ အသက်မပြည့်သေးသည့် မိန်းကလေးငယ် အား အဓမ္မပြုကျင့်ရိုက်နှက်ခဲ့သူ ၃ ဦးအားဖမ်းဆီးရမိခဲ့

0
233

အုတ်တွင်းမြို့နယ်၌ မိခင်ဖြစ်သူအားသတ်ဖြတ်ကာ အသက်မပြည့်သေးသည့် မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရိုက်နှက်ခဲ့သူ ၃ ဦးအားဖမ်းဆီးရမိခဲ့

ပဲခူးတိုင်း၊အုတ်တွင်းမြို့နယ်၊ပေါက်ကုန်းကျေး ရွာအုပ်စု၊ရေဗွက်ကျေးရွာအနီးရှိ သီဟိုခြံအတွင်း အသက်(၄၄)နှစ်ရှိ မိခင်ဖြစ်သူအားသတ်ဖြတ်၍ အသက်(၁၃)နှစ်အရွယ်ရှိ မိန်းကလေးငယ်အား အဓမ္မပြုကျင့်ရိုက်နှက်ခဲ့သူ ၃ ဦးအား ဇူလိုင် ၁၆ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

အခင်းဖြစ်စဥ်သည် ဇူလိုင် ၁၄ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သီဟိုခြံအတွင်း အမျိုးသမီးတစ်ဦးလဲကျနေကြောင်း သတင်းအရ ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှသွားရောက်ကူညီခဲ့ရာမှ အမျိုးသမီးဖြစ်သူမှာ လည်ပင်းပြတ်ရှ၊ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသည်။

ထို့ပြင် အသက်(၁၃)နှစ်အရွယ်ရှိ သမီးဖြစ်သူမှာလည်း အဓမ္မပြုကျင့်ခံထားရသဖြင့် အုတ်တွင်းပြည်သူ့ဆေးရုံမှတဆင့်တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံရကာ ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရန် အုတ်တွင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ အဓမ္မပြုကျင့်ခံရသည့် မိန်းက လေးငယ်၏ ပြောကြားချက်အရ ၎င်းအားအဓမ္မပြုကျင့်၍ မိခင်ဖြစ်သူအား သတ်ဖြတ်ခဲ့သူများအနက် ရေဗွက်ရွာနေ မောင်ညှက်ဆိုသူပါဝင်ကြောင်း သိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ကြသည်ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ကိုညှက်(ခ)ငြိမ်းချမ်း(၂၉)နှစ်အား ဇူလိုင် ၁၆ ရက်နံနက်ပိုင်းတွင် အခင်းဖြစ်စဥ်ကအသုံးပြုခဲ့သည့် ဓားတစ်ချောင်း၊ မျိုးသီဟ(၁၉)နှစ်နှင့်မျိုးသူရ(၁၆)နှစ်တို့အား ဇူလိုင် ၁၅ ရက်ညပိုင်းတို့တွင် ဖမ်းဆီးရမိခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား စစ်ဆေးချက်အရ ၎င်းတို့ ၃ ဦးသည် အဆိုပါ အမျိုးသမီး ၂ ဦးအားပျော်ပါးရန်ခေါ်ဆောင်သွားပြီးနောက် ငွေတောင်း ခံရာမှတဆင့် မကျေမလည်ဖြစ်ကာ မိခင်ဖြစ်သူအား ဓားဖြင့်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သမီးဖြစ်သူအား သတ်ဖြတ်ရန်ပြုလုပ်စဥ် သတိလစ်သွားသည်ကို သေဆုံးသည်အထင်ဖြင့်ထားခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရန်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ သိရသည်။

ထို့ကြောင့် အုတ်တွင်းမြို့မရဲစခန်းမှပြစ်မှုကျူး လွန်သူ ၃ ဦးအား အမှုဖွင့်ကာ ဆက်လက်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“အခြေအနေတွေကိုသိရသလောက်ဆိုရင်တော့ ရဲစခန်းကတော့အမှုဖွင့်ပြီးလိုအပ်တာတွေဆက်လုပ်နေတယ် ကလေးမလေးကတော့ လက်ရှိဆေးရုံမှာပဲရှိနေသေးပါတယ် သူ့ကိုလည်းလ်ုအပ်တဲ့ဆေးစစ်တာတွေလုပ်ရအုံးမှာပါ”ဟုရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)၏တာဝန်ရှိသူတစ်ဦးကပြောသည်။

Photo Credit – VOM


LEAVE A REPLY

Please enter your comment!
Please enter your name here