သထုံမြို့တွင် ညာချိုစောင်းကွဲဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
239

သထုံမြို့တွင် ညာချိုစောင်းကွဲဒဏ်ရာဖြင့် သေ ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

မွန်ပြည်နယ်၊သထုံမြို့ရှိ လေယာဥ်ကွင်းဟောင်းအနီးတွင် ညာချိုစောင်းကွဲဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား ဇူလိုင် ၁၇ ရက်(ယနေ့)နံနက်ပိုင်းကတွေ့ရှိခဲ့ရသည်ဟု အကြင်နာတွဲလက်ကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က လေယာဥ်ကွင်းဟောင်းရှိ ညောင်ပင်အနီး၌ လူတစ်ဦးလဲကျသေဆုံးနေကြောင်း သတင်းအရ အကြင်နာတွဲလက်ကယ်ဆယ်ရေးအသင်းနှင့်ပါရမီနာရေးကူညီမှုအသင်းဝင်များက သွားရောက်ကြည့်ရှုခဲ့ကြသည်။

ထိုသို့ ကြည့်ရှုရာ ရှပ်အကျီလက်တိုနှင့်ဘောင်းဘီအတိုဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် နောက်ညာချိုစောင်းကွဲဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် သေဆုံးသူ၏ရုပ်အလောင်းအား ပါရမီနာရေးကူညီမှုအသင်းကားဖြင့် သထုံပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-အကြင်နာတွဲလက်ကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here