အမေရိကန်နိုင်ငံသား ၆၁ ဦးကို အီရန် ပိတ်ဆို့အရေးယူ

0
163

အမေရိကန်နိုင်ငံသား ၆၁ ဦးကို အီရန် ပိတ်ဆို့အရေးယူ

ဒူဘိုင်း၊ဇူလိုင် ၁၆

၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရေးအတွက် လနှင့်ချီကာဆွေးနွေးမှုများသည် အဆင်မပြေဖြစ်နေချိန်တွင်နိုင်ငံခြားရေးဝန်ကြီးဟောင်း Mike Pompeo အပါအဝင် အီရန်အတိုက်အခံအဖွဲ့ကို ကျောထောက်နောက်ခံပြု‌ပေးသည့် အမေရိကန်နိုင်ငံသား ၆၁ ဦးအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားကြောင်း အီရန်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ပြည်ပရောက်အတိုက်အခံအဖွဲ့ Mujahideen – e – Khalq (MEK) ကို ထောက်ခံခဲ့သဖြင့် အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နာမည်ပျက်စာရင်းသွင်းခံရသူများတွင် သမ္မတ‌ဒေါ်နယ်ထရမ့်၏ ရှေ့နေဟောင်း Rudy Giuliani နှင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း John Bolton တို့ ပါဝင်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာကဖော်ပြသည်။

ဇန်န၀ါရီလတွင်အီရန်သည် အမေရိကန်နိုင်ငံသား ၅၁ ဦးအပေါ် ပိတ်ဆို့အရေးယူမှုများချမှတ်ခဲ့ပြီး ဧပြီလတွင် နောက်ထပ်အမေရိကန်နိုင်ငံသား ၂၄ ဦးကို ၎င်း၏နောက်ဆုံးပိတ်ဆို့အရေးယူမှုတွင် အမည်ပျက်စာရင်းသွင်းခဲ့သည်။

၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ကို ပြန်လည်အသက်သွင်းရန်အတွက်ညှိနှိုင်းမှုသည်အဆင်မ‌ပြေဘဲ လနဲ့ချီကြာအောင် ကမောက်ကမဖြစ်ခဲ့ရသည်။

သို့ဖြစ်၍၂၀၁၈ ခုနှစ်တွင် အမေရိကန်သမ္မတထရမ့်က စာချုပ်ပါအချက်များသည်အီရန်အပေါ်ပျော့ပြောင်းလွန်းသည်ဟုဆိုကာ သဘောတူညီချက်ကိုဖျက်ခဲ့ပြီး ပြင်းထန်သောပိတ်ဆို့မှုများကို ပြန်လည်ချမှတ်ခဲ့ဘူးသည်။ထိုအချက်က အီရန်အား စာချုပ်ပါနျူကလီးယားကန့်သတ်ချက်များကို ချိုးဖောက်ရန်‌‌ ‌စေ့ဆော်ခဲ့ခြင်းဖြစ်သည်။

Source – Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here