မြစ်ကြီးနားမြို့နယ်ရှိ နေရပ်စွန့်ခွာစခန်း ၆ ခု၌ ယာယီနေထိုင်သည့် လူဦးရေ ၁၅၀ ခန့်အား ငွေပျော်စံပြကျေးရွာသို့ ထပ်မံပြောင်းရွှေ့ပေးခဲ့

0
160

မြစ်ကြီးနားမြို့နယ်ရှိ နေရပ်စွန့်ခွာစခန်း ၆ ခု၌ ယာယီနေထိုင်သည့် လူဦးရေ ၁၅၀ ခန့်အား ငွေပျော်စံပြကျေးရွာသို့ ထပ်မံပြောင်းရွှေ့ပေးခဲ့

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ နေရပ်စွန့်ခွာစခန်း ၆ ခု၌ယာယီနေထိုင်လျက်ရှိသည့် လူဦးရေ ၁၄၂ ဦးအား ပလန ကျေးရွာအုပ်စု၊ငွေပျော်စံပြကျေး ရွာသို့ ထပ်မံပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ နေရပ်စွန့်ခွာယာယီစခန်းနေသူများအား ပြန်လည်နေရာချထားရေး၊ပြန်လည်ထူထောင်ရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာမှ ၎င်းတို့၏ဆန္ဒအလျောက် ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သူများအား ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်တာ ဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပ စ္စည်းများပေးအပ်ခဲ့သည်။

တစ်အိမ်ထောင်လျှင် ဆန် ၁ အိတ်၊ ခေါက်ဆွဲခြောက်ဖာ၊ကြက်ဥများ၊ဆန်ရိက္ခာ ၁ လစာဖိုးငွေကျပ် ၁၂၇၈၀၀၀၊ ပြောင်းရွှေ့စရိတ် တစ်အိမ် ထောင်လျှင် ငွေကျပ် ၁ သိန်း၊ကယ်ဆယ်ရေးပ စ္စည်း ၂၁ မျိုးပါတစ်ပုံး၊ Face Shield ၁၁၂ ခု၊လက်ဆေးရည်ဘူး ၆၀ ဘူး၊ဆေးစိမ်ခြင်ထောင် ၃၀ လုံး၊နှာခေါင်းစည်း Mask ၊လက်ဆေးရည်နှင့် ဆေးဝါးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ကျောင်းသုံးဗလာစာအုပ်များ၊အိမ် ထောင်စုသုံးတာပေါ်လင် ၊ Hygiene Kit ၊ Shelter Tools Kit ၊ Individual Hygiene Kit ၊ Dignity Kit ၃၀ ခုစီနှင့်အနွေးထည်၊ခြုံစောင်၊မိုးကာ၊နေကာဇကာပိုက်လိပ်၊ပေါက်ချွန်း၊မြက်ရိတ်စက်၊မိုးစီးဖိ နပ်တို့ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ငွေပျော်စံပြကျေးရွာ၌ နေရပ်စွန့်ခွာသူများနေထိုင်ရန်အတွက် ဆောက်လုပ်ပေးထားသည့် နေအိမ် ၅၀၂ လုံးတွင် မြစ်ကြီးနားမြို့၊လယ်ကုန်းရပ် ကွက်အတွင်းရှိ ဗက်လင်၊မလိယန်၊ဇီးအုန်စခန်းများ၊မြို့သစ်ကြီးရပ်ကွက်ရှိ ဂျာမိုင်ကောင်း၊အာရ်စီ၊မန်ခိန်နှစ်ခြင်းအသင်းတော်နှင့်နန့်ကွေ့စိန်ယောဟန်စခန်းများမှ အိမ်ထောင်စုများရောက်ရှိနေ ထိုင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here