ကိုဗစ်မျိုးကွဲအသစ်မှ အဆုတ်ရောဂါအန္တရာယ်အတွက် သတိပေး

0
128

ကိုဗစ်မျိုးကွဲအသစ်မှ အဆုတ်ရောဂါအန္တရာယ်အတွက် သတိပေး

ဘန်ကောက်၊ဇူလိုင် ၁၇
ဘန်ကောက်မြို့မှ ဆရာဝန်တစ်ဦးသည် ကိုဗစ်မျိုးကွဲအသစ်နှင့် ဆက်စပ်သော အဆုတ်ရောဂါပိုးကူးစက်ခံရမှုအတွက် ပြည်သူများအားသတိပေးလျက်ရှိသည်။

Siriraj ဆေးရုံ၏ အသက်ရှူလမ်းကြောင်းနှင့်တီဘီရောဂါဆိုင်ရာဌာန အကြီးအကဲဖြစ်သည့်ဒေါက်တာ Nithipat Jearakul ကအိုမီခရွန်၏ BA.5 မျိုးကွဲသည် ယခင်ဒယ်လ်တာမျိုးကွဲကဲ့သို့ပင် အဆုတ်ကိုအန္တရာယ်ဖြစ်စေသည်ဟုဆိုသည်။ထို့‌ကြောင့်ယခင်ကတည်းက အဆုတ်ရောဂါအခံရှိပြီးသူအများစုသည် ပိုမိုထိခိုက်လွယ်သောအုပ်စုများဖြစ်ကြပြီးဂရုစိုက်သင့်​ကြောင်း​ပြောသည်။

ကိုဗစ်ကြောင့်ဆေးရုံတက်နေရသူ၏ ၈ ရာခိုင်နှုန်းခန့်သည် အဆုတ်ထိခိုက်မူရှိကြောင်း ၎င်းကပြောကြားခဲ့သည်။ ဤရာခိုင်နှုန်းသည် ဒယ်လ်တာမျိုးကွဲကြောင့် အဆုတ်‌ရောဂါပိုးကူးစက်ခံရသူများ၏ ရာခိုင်နှုန်းထက်တော့အလွန်နည်းသည်ဟု ဒေါက်တာ Nithipat က ပြောကြားခဲ့သည်။သို့သော်ပိုးဝင်သည့်အခါ ရောဂါပြင်းထန်မှုချင်းကတော့တူညီသည်ဟု ၎င်းကဆိုသည်။

BA.5 မှ အဆုတ်ပိုးဝင်သူအများစုသည် “608” အုပ်စုတွင် ရှိနေကြသည် ထိုအုပ်စုတွင် အသက် ၆၀ နှင့်အထက် လူများ၊ ရောဂါအခံရှိသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များပါဝင်သည်။ကာကွယ်ဆေးတစ်ကြိမ်(သို့) နှစ်ကြိမ်သာထိုးထားသူများနှင့် လုံးဝမထိုးထားသူများလည်းပါဝင်သည်။အဆုတ်ပိုးဝင်သူများအနက် လူအနည်းငယ်တွင်သာ Booster ဆေးများထိုးထားကြောင်းလည်းတွေ့ရှိရသည်ဟု ဒေါက်တာ Nithipat ကပြောကြားခဲ့သည်။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ရောဂါရှိသူများကို ၁၀ ရက်ကြာ သီးသန့်ခွဲထားရန်ယမန်နေ့က တိုက်တွန်းခဲ့သည်။ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ Rungrueng Kitphati ကမူ ပြည်သူများအနေဖြင့် ဆေးရုံသို့ဝင်ထွက်သွားလာရပါက နှာခေါင်းစည်းများမဖြစ်မ‌နေတပ်ရမည်ဟုဆိုသည်။

အခုချိန်မှာကမ္ဘာကြီးဟာ ပုံမှန်ပြန်ဖြစ်နေပြီလို့ထင်ရပေမယ့်လည်း ကိုဗစ်ကပ်ရောဂါကတော့မပြီးပြတ်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတိပေးထားသည်။

Source – Bangkok Post


LEAVE A REPLY

Please enter your comment!
Please enter your name here