လုံခြုံရေးအပြည့်ချထားသည့် လားရှိုးမြို့တော်ခန်းမအ နီးတွင် အမျိုးသမီးတစ်ဦးကို သေနတ်ပြပြီး ပြန်ပေးဆွဲရန် ကြံစည်မှုဖြစ်

0
307

လုံခြုံရေးအပြည့်ချထားသည့် လားရှိုးမြို့တော်ခန်းမအ နီးတွင် အမျိုးသမီးတစ်ဦးကို သေနတ်ပြပြီး ပြန်ပေးဆွဲရန် ကြံစည်မှုဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ မြို့တော်ခန်းမ၏
မျက်နှာချင်းဆိုင်ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ အမျိုး သမီးတစ်ဦးကို သေနတ်ပြကာ ပြန်ပေးဆွဲရန် ကြံစည်မှု တစ်ခု ဇူလိုင်လ (၁၇) ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ညနေ (၅) နာရီဝန်းကျင်က လားရှိုးမြို့၊ပြည်ထောင် စုလမ်းမကြီးပေါ်ရှိ လွတ်လပ်ရေးပန်းခြံတွင် အမျိုးသမီး တစ်ဦးကို အမျိုးသား (၂) ဦးက သေနတ်ပြ၍ ဆိုင်ကယ်ပေါ်တင်ကာ ပြန်ပေးဆွဲရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်းဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

” လွတ်လပ်ရေး ပန်းခြံအလယ်တည့်တည့်မှာ ဖြစ်သွားတယ်။ မျက်နှာချင်းဆိုင်မှာက စစ်တပ်က အင်အားအ ပြည့်နဲ့ စခန်းချထားတဲ့ မြို့တော်ခန်းမရှိတယ်။ သေနတ်ဖောက်ပြီး ကောင်မလေးကို ဆိုင်ကယ်ပေါ်တင်နေတုန်း အော်ဟစ်ရုန်းကန်ပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျမှ ပတ် ဝန်းကျင်က ရိပ်မိတာ။ ဝိုင်းပြီး ကြုံရာနဲ့ပစ်ကြခတ်ကြမှ ကောင်မလေးကို ထားပြီး ထွက်ပြေးသွားကြတာ” ဟု အ ဆိုပါ ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ပြန်ပေးဆွဲရန် ကြံစည်စဉ် အသုံးပြုသည့် သေနတ်မှာ သေနတ်အတုဖြစ်သည်ဟု ပတ်ဝန်းကျင်က ပြောဆိုနေကြပြီး ၎င်းအနေဖြင့် အတည်မပြုနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားသည့် လွတ်လပ်ရေး ပန်းခြံသည် ရဲနှင့် တပ်က လုံခြုံရေးယူကာ စခန်းချထားသည့် မြို့ တော် ခန်းမနှင့် မျက်နှာချင်းဆိုင်တွင်ရှိပြီး ရဲစခန်း ၊ စည် ပင်ရုံး စသည့် လုံခြုံရေးတပ်ဖွဲ့များ အများအပြားရှိသည့် နေရာဖြစ်သည့်အပြင် အနီးပတ်ဝန်းကျင်တွင် စား သောက်ဆိုင်များဖြင့် လူစည်ကားရာ နေရာတစ်ခု ဖြစ် ကြောင်း ပြောသည်။

လက်ရှိတွင် အသက် (၂၀) ဝန်းကျင် ပြန်ပေးဆွဲခံရသည့် အမျိုးသမီးအား ဒေသအာဏာပိုင်များက ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ပြန်ပေးဆွဲရန် ကြံစည်သူ (၂) ဦးမှာ ပြည်ထောင်စု လမ်းမအတိုင်း မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here