နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရန်ရှိ

0
179

နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရန်ရှိ

နစက ခေါင်းဆောင်များအပါအဝင် တပ်မတော်နှင့် ငြိမ်း ချမ်းရေးဆွေးနွေးထားသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များအကြား ဒုတိယအကြိမ် ထပ်မတွေ့ဆုံရန်ရှိကြောင်း ALP ပါတီ ဒုဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းက ALP ပါတီ ဒုဥက္ကဋ္ဌနှင့် ပေါ်ပြူလာနယူးစ်တို့ သီးသန့်တွေ့ဆုံ မေးမြန်းမှုတွင် ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။

” ရှိပါတယ်။ Date တော့ မသတ်မှတ်ရသေးဘူး။ Second round တော့ လာဖို့ရှိပါတယ်” ဟု ALP ပါတီ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောသည်။

လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နှင့် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်၏ ငြိမ်း ချမ်း ရေးဆွေးနွေးရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးထားပြီးဖြစ်သည်။

လက်ရှိအချိန်ထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ (RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်အ မျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မ တော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC)၊ “ဝ” ပြည် သွေး စည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ အ မျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-မိုင်းလားအဖွဲ့)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ၊လား ဟူဒီမိုကရက်တစ်ပါတီ(LDU)တို့နှင့် နစကတို့ တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ဖြစ် သည်။

ထို့အပြင် တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ကျန်ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ တက်ရောက်ဆွေးနွေးမည့် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ ၏ အမည်စာရင်းကို ဇွန် လ (၃၀) ရက် နောက်ဆုံးထား ပေးပို့ရန် တောင်းဆိုထားသော်လည်း မည်သည့်အဖွဲ့များ တက်ရောက်ဆွေးနွေရန် စာရင်းပေးပို့ထားသည်ကို နှစ်ဖက်စလုံးမှ ယနေ့အချိန်ထိ ထုတ်ပြန်ကြေညာခြင်း မတွေ့ရှိရပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here