သီရိလင်္ကာယာယီသမ္မတက အရေးပေါ်အခြေနေကြေငြာ

0
258

သီရိလင်္ကာယာယီသမ္မတက အရေးပေါ်အခြေနေကြေငြာ

ကိုလံဘို၊ဇူလိုင် ၁၈

တနင်္ဂနွေနေ့ညနေပိုင်းကထုတ်ပြန်ခဲ့သော အစိုးရ‌ ကြေငြာချက်တွင် သီရိလင်္ကာ၏ယာယီသမ္မတ Ranil Wickremesinghe နှင့်၎င်း၏အစိုးရအဖွဲ့သည် နိုင်ငံတွင်းရှိမငြိမ်သက်မှုများနှင့် စီးပွားရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ရန်ကြိုးပမ်းရန် နိုင်ငံအားအရေးပေါ်အခြေအနေကြေငြာခဲ့သည်။

“လူထုလုံခြုံရေး၊အကျိုးစီးပွားကာကွယ်ရေး နဲ့ ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေ၊ဝန်ဆောင်မှုတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့လုပ်သင့်လို့ အခုလိုအရေးပေါ်အခြေနေကြေငြာရတာပါ” ဟုထုတ်ပြန်ချက်တွင်‌ ဖေါ်ပြထားသည်။

ဖြုတ်ချခံလိုက်ရသော သီရိလင်္ကာသမ္မတဟောင်း ဂိုတာဗျာရာဂျားပါစကာသည် ဆန္ဒပြပြည်သူများလက်မှလွတ်မြောက်အောင် နိုင်ငံရပ်ခြားသို့တိမ်းရှောင်ထွက်ပြေးခဲ့ရသည်။ယင်းနောက်ရာထူးမှနှုတ်ထွက်ခဲ့ပြီး ၎င်းအနေဖြင့် ကျွန်းနိုင်ငံငယ်လေး၏စီးပွားရေးအကျပ်အတည်းကိုဖြေရှင်းနိုင်ရန် “ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းရေးနည်းလမ်းတိုင်းကိုလုပ်ဆောင်ခဲ့သည်” ဟုဆိုခဲ့သည်။

သမ္မတဟောင်း ဂိုတာဗျာ၏နုတ်ထွက်စာကို ပါလီမန်က သောကြာနေ့တွင်လက်ခံခဲ့သည်။လွန်ခဲ့သည့်တစ်ပတ်က ကိုလံဘိုမြို့ လမ်းမများပေါ်သို့ ထောင်နှင့်ချီသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာ ပေါ်ထွက်လာပြီးသမ္မတအိမ်‌တော်နှင့် ရုံးများကိုသိမ်းပိုက်ခဲ့‌ သောကြောင့် သမ္မတကမော်လ်ဒိုက်သို့ ရှောင်ပြေးသွားပြီးနောက် စင်္ကာပူသို့ပါထပ်မံ‌ ရှောင်တိမ်းသွားခဲ့သည်။

သီရိလင်္ကာပါလီမန်သည် သမ္မတသစ်တစ်ဦး ရွေးချယ်တင်မြှောက်နိုင်ရန် စနေနေ့တွင်တွေ့ဆုံခဲ့ပြီး အကျပ်အတည်းဖြစ်ပွားနေသော နိုင်ငံအတွက် သက်သာရာရစေရန်လောင်စာဆီများရရရှိရန်စီစဥ်‌ ပေးခဲ့သည်။

ရာဂျားပါစကာ၏ မဟာမိတ်ဖြစ်သော Wickremesinghe သည် အမြဲတမ်းသမ္မတဖြစ်လာနိုင်သည့် ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သော်လည်း ဆန္ဒပြပြည်သူများသည် ၎င်းကိုလည်းသမ္မတ မတင်မြှောက်လိုကြပေ။

Wickremesinghe သမ္မတအဖြစ်ရွေးချယ်ခံရပါက နိုင်ငံအတွင်းဆက်လက်၍ မငြိမ်မသက်ဖြစ်စေနိုင်မည့် အလားအလာရှိနေကြောင်းသိရှိရသည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here