တွံတေးမြို့ရှိ သမ္ဗာန်ဆိပ်တွင် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
210

တွံတေးမြို့ရှိ သမ္ဗာန်ဆိပ်တွင် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊တွံတေးမြို့၊ကမ်းနားလမ်းရှိ သမ္ဗာန်ဆိပ်တွင် တွံတေးမြို့နေ ဇော်ထွန်း(ခ)ပြောင်ကြီးသည် ဇူလိုင် ၁၈ ရက်(ယနေ့)နံနက်ပိုင်းက သေ နတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယနေ့နံနက် ၆ နာရီကျော်ခန့်က တွံတေးမြို့၊ကမ်းနားလမ်းရှိ နာရီစင်နှင့်ကျောက်တံတားကြား မိုးနတ်မယ်သမ္ဗာန်ဆိပ်၌ ဇော်ထွန်း(ခ)ပြောင်ကြီးအား အမည်မသိအမျိုးသားများမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဇော်ထွန်း(ခ)ပြောင်ကြီး မှာဦးခေါင်းနှင့်ရင်ဘတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သူကစစ်တပ်သတင်းပေးဆိုပြီး နာမည်တော့ထွက်နေတာပဲ ၊သူ့အလောင်းကိုတော့ လူနာတင်ကားနဲ့တင်သွားတာတွေ့တယ်”ဟုတွံတေးမြို့နေသူတစ်ဦးကပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ကမ်းနားလမ်းတစ်လျောက်၌ ပိတ်ဆို့ရှာ ဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here