ရန်ကုန်တိုင်းရှိ မြို့နယ် ၅ ခုတွင် မူးယစ်ဆေးဝါးအများအပြားနှင့်ရောင်းဝယ်ဖောက်ကားသူများအားဖမ်းဆီးရမိခဲ့

0
174

ရန်ကုန်တိုင်းရှိ မြို့နယ် ၅ ခုတွင် မူးယစ်ဆေးဝါးအများအပြားနှင့်ရောင်းဝယ်ဖောက်ကားသူများအားဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်းရှိ အင်းစိန်၊လှိုင်သာယာ၊စမ်းချောင်း၊တောင်ဥက္ကလာပနှင့်ဒေါပုံမြို့နယ်တို့တွင် ဇူလိုင် ၁၆ ရက်နှင့် ၁၅ ရက်တို့တွင် မူးယစ်ဆေးဝါးအ များအပြားနှင့်ရောင်းဝယ်ဖောက်ကားသူများအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ဖမ်းဆီးရမိမှုများတွင် ဇူလိုင် ၁၆ ရက်ည ၈ နာရီခွဲက လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအ ဖွဲ့ဝင်များက သတင်းအရ အင်းစိန်မြို့နယ်၊ဒညင်းကုန်းရပ်ကွက်၊ခရေပင်လမ်း၌ ကိုသက်နိုင်(၄၃) နှစ်မောင်းကာ မနန်းနဒီ(၁၈)နှစ် လိုက်လာသည့် Probox ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ မနန်းနဒီ ထံမှစိတ်ကြွဆေးပြား ၁၉၃၀ ပြားအား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ စိတ်ကြွဆေးပြားများရောင်းချသူ လှိုင်သာ ယာမြို့နယ်၊ ၁၈ ရပ်ကွက်နေ မချိုချို၀င်း(၂၇)နှစ်အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ဇူလိုင် ၁၅ ရက်ည ၆ နာရီတွင်လည်း မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက စမ်းချောင်းမြို့နယ်၊စမ်းချောင်း (မြောက်)ရပ်ကွက်တွင် လမ်းလျှောက်လာသည့် မင်းသူရိန်(ခ)ဘေကြီး(၃၁)နှစ် ကိုင်ဆောင်ထားသော လက်ဆွဲအိတ်အတွင်းမှ အက်တက်စီဆေး ပြား ၁၀၀ ပြားနှင့်ကက်တမင်း(၅ ဂရမ်)အား ဖမ်း ဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၈ နာရီခွဲတွင် ၎င်းနေထိုင်သည့် နေအိမ်အတွင်းမှ အက်တက်စီဆေးပြား ၂၇၃၉ ပြား၊ကတ်တမင်း(၂၅၀ ဂရမ်) နှင့်ဆေးခြောက်(၃၇ ဒသမ ၃၂ ကီလို)တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဇူလိုင် ၁၅ ရက်နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့၀င်များပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊(၆)ရပ်ကွက်၌ လမ်းလျှောက်လာသူ ဦးထွန်းထွန်း(၅၀)နှစ်၏ လွယ်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၂၂၀၀ ပြား၊ ဆေးခြောက်(၂၀၀ ဂရမ်)တို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် စစ်ဆေးချက်အရ နံနက် ၁၁ နာရီ၌ ဦးထွန်းထွန်း နေထိုင်သည့် ဒေါပုံမြို့နယ်၊ဗိုလ်ထွန်းဇံရပ်ကွက်ရှိ နေအိမ်မှ ဆေးခြောက်(၈၀၀ ဂရမ်) အား ဖမ်းဆီးရမိခဲ့ပြီး ထပ်မံစစ်ဆေးချက်အရ ဗိုလ်ထွန်းဇံရပ်ကွက်၊မေတ္တာလမ်းနေ အုန်းမြ(ခ)ပါကြီး(၅၆)နှစ် ၏နေအိမ်အတွင်းမှ အိုက်စ် (မက်သ်အဖက် တမင်း ၂၉ ဂရမ်)၊စိတ်ကြွဆေးပြား ၇၂၀၀ ပြား၊ ဗိုလ်တေဇလမ်းနေ အောင်ကျော်ဦး (၄၆)နှစ်၏ နေအိမ်မှ ဆေးခြောက်(၁၂၀၀ ဂရမ်) အား ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားသူများအား သက်ဆိုင်ရာရဲစခန်းများက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်း ဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here