ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC)ကတ်များအား မြောက်ဒဂုံရှိ ပင်လုံသင်တန်းကျောင်း၌ နေ့စဉ် တနင်္လာနေ့မှစနေနေ့အထိထုတ်ပေးလျက်ရှိ

0
351

ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC)ကတ်များအား မြောက်ဒဂုံရှိ ပင်လုံသင်တန်းကျောင်း၌ နေ့စဉ် တနင်္လာနေ့မှစနေနေ့အထိထုတ်ပေးလျက်ရှိ

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)၏ ရန်ကုန်မြို့တွင် ဇူ လိုင် ၁၇ ရက်ကပြုလုပ်သည့် အမှုဆောင်ကော်မ တီရွေးချယ်တင်မြှောက်ပွဲ၌ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၏ ပြောကြားချက်အရ သိရသည်။

ပြည်ပသို့အလုပ်သမားများ တရားဝင်စေလွှတ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မတိုင်မီအထိ ပြည်ပအ လုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၃၁၄ ခု၊(ထိုင်း)လိုင်စင်ရအေဂျင်စီ ၁၁၄ ခုရှိခဲ့သည်ဟု ပြောသည်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇူလိုင် ၁၄ ရက်အထိ ပြည်ပအလုပ်အကိုင် အ ကျိုးဆောင်လိုင်စင်ကြီး ၂၉ ခု၊(ထိုင်း)လိုင်စင် ၂၈ ခု(စုစုပေါင်း ၅၇ ခု)ထုတ်ပေးနိုင်ခဲ့တာကြောင့် လက်ရှိဆောင်ရွက်နေတဲ့ အေဂျင်စီ ၃၄၃ ခုရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်အလုပ်သမားသက် သေခံကတ်(OWIC)ကတ်များအား မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံသင်တန်းကျောင်းတွင် နေ့စဉ်တနင်္လာနေ့မှစနေနေ့အထိ ထိုင်းနိုင်ငံအတွက် လူဦးရေ ၈၀၀၊အခြားနိုင်ငံများအတွက်လူဦးရေ ၂၀၀ နှင့်မိမိအစီအစဉ်များအတွက်လူဦးရေ ၁၀၀(စုစုပေါင်း ၁၁၀၀ ခန့်)အား ခွင့်ပြုထုတ်ပေးလျက်ရှိသည်ဟု ပြောသည်။

“ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတွေကို ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကုန်နဲ့မန္တလေး)တို့မှာ ဇွန် ၁ ရက်ကစပြီး တစ်ပတ်ကို ၃ ကြိမ်သင်ကြားပို့ချပေးနေပါတယ်”ဟုပြည် ထောင်စုဝန်ကြီးဦးမြင့်ကြိုင်ကပြောသည်။

ထိုသို့ သင်ကြားပို့ချရာတွင် ရန်ကုန်မြို့၌ တစ်ကြိမ်လျှင် လူဦးရေ ၅၀၀ ခန့်၊ မန္တလေးမြို့၌ တစ်ကြိမ်လျှင် ၇၀၀ ခန့်အား သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here