အမရပူရမြို့နယ်ရှိ အမှိုက်ပုံမီးလောင်မှုအား တစ်နာရီခွဲခန့်ကြာငြိမ်းသတ်ပြီးချိန်၌ မီးထိန်းနိုင်ခဲ့

0
296

အမရပူရမြို့နယ်ရှိ အမှိုက်ပုံမီးလောင်မှုအား တစ်နာရီခွဲခန့်ကြာငြိမ်းသတ်ပြီးချိန်၌ မီးထိန်းနိုင်ခဲ့

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊တောင်အင်းမြောက်အင်းသုဿန်တွင် ဇူလိုင် ၁၈ ရက်(ယနေ့) နံနက် ၁၀ နာရီ ၃၄ မိနစ်ခန့်က အမှိုက်ပုံမီးလောင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မန္တ လေးတိုင်းအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ကား ၅ စီး၊ရေသယ်ကား ၁၆ စီးတို့ဖြင့်သွားရောက်ငြိမ်းသတ်ခဲ့ကြသည်။

ထို့ပြင် နံနက် ၁၁ နာရီ ၄၀ မိနစ်၌ မန္တလေးမြို့ တော်စည်ပင်မှ မီးငြှိမ်းသတ်ကား ၁ စီး၊ရေသယ်ကား ၅ စီးတို့ထပ်မံရောက်ရှိလာကာငြိမ်းသတ်ခဲ့ကြသည်။

အလားတူ ကြက်ခြေနီအဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများမှလည်း မီးသတ်တပ်ဖွဲ့ဝင်များနှင့်အ တူပူးပေါင်း၍ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသဖြင့် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်၌ မီးထိန်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“အမှိုက်ပုံမီးလောင်တယ် သတင်းရလို့သွားကူငြိမ်းခဲ့ပါတယ် အမှိုက်ပုံလောင်တာဆိုတော့ အနံ့ အသက်ကတော့ အတော်ဆိုးတယ် အဲဒီနားက ရပ် ကွက်တွေထဲကတစ်ချို့ဆိုရင် မီးလောင်တဲ့အနံ့ကော မီးခိုးငွေ့တွေကောရတော့ နေရတာခေါင်းမူးတာတွေဖြစ်တယ်လို့ သိရတယ် မီးကတော့ ထိန်းထားနိုင်တဲ့အဆင့်ကိုရောက်နေပါပြီ”ဟု ဝိုင်းဝန်းငြိမ်းသတ်ပေးနေသည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here