မုံရွာမြို့အရှေ့ဘက် သာစည်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်မဟာစေတီလှဘုရားကြီး

0
360

14881477_694933034005704_1835191654_o-copy

နိုင်ထွန်း(TGI )

မြန်မာသက္ကရာဇ် ၅၅၈ ခုနှစ်တွင် ပုဂံပြည့်ရှင်နရပတိစည်သူမင်းတည်ထားကိုးကွယ်ခဲ့သည့်မဟာစေတီလှဘုရားတည်ထားသော နေရာ သည် ဂေါတမမြတ် စွာဘုရား ရွှေသမင်ဘဝဖြစ်စဉ်ကာလက ကျင်လည် ကျက်စားနေထိုင်ခဲ့သည့် နေရာဖြစ်ပေ၏။ သက္ကရာဇ် ၅၅၈ခုနှစ် နရပတိစည်သူမင်းကြီး သစ်ကနက်ဖောင်ေ တ်ာဖြင့် ဧရာဝတီမှ ချင်းတွင်း သို့ ဆန်လေ၏၊ အလုံဆိပ်ကမ်းသို့ရောက်သော် မင်းကြီး၏ စီးတော်ဆင် မယဉ်သာကို အဓိဋ္ဌာန်ပြု၍ လွှတ်တော်မူ၏၊ ဆင်မယဉ်သာ လည်း ယခု မဟာစေတီ လှဘုရား တည်မည့်နေရာသို့ ရောက်သော် ပုဆစ်တုပ်၍ ရှိခိုးဦးခိုက်ဝပ်ပြုလေ၏၊ နရပတိစည်သူမင်း လည်း တန်ဆောင်မုန်းလ ဆန်း ၅ရက်နေ့တွင် မဟာစေတီလှဘုရားအား စတင်တည်ထား ကိုးကွယ်လေ၏၊ ဘုရားတည်ရန် မြေတူးစဉ်စေတီ ဟောင်းနှင့်ဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာထားသော ဌာပနာတိုက် တစ်ခုတွေ့၏၊ ဓာတ် တော်မွေတော်များမှ ရောင်ခြည်တော် ကွန့်မြူးလေ၏၊ မင်းကြီးလည်း အင်မတန်ဝမ်း မြောက်ပြီး အကြံတစ် ခုပေါ်တော်မူ၏၊ ဌာပနာတိုက် အတွင်းသို့ ရွှေကိုယ်လေး၊ ငွေကိုယ်လေးဌာပနာ၏၊ ရွှေကိုယ်လေး၊ ငွေကိုယ်လေး ဆိုသည်မှာ မင်းကြီး၏ ကိုယ်အလေးချိန်နှင့် ညီသော ရွှေပိ ဿာချိန် ၄၅ ပိဿာနှင့် ပုံတူရွှေသား ရုပ်တု၊ မိဖုရားကြီး ကိုယ်အလေး ချိန်နှင့်ညီသော ရွှေချိန် ၃၆ ပိဿာနှင့် ပုံတူရွှေသားရုပ်တု၊ အလားတူ သားတော်၊ သမီးတော်တို့၏ ကိုယ်အလေးချိန်နှင့် ညီမျှသော ရွှေသားရုပ် တု၊ ဝန်ကြီး၊ မှူးကြီး၊ မတ်ရာ၊ သေနာပတိ၊ တပ်မှူးတို့၏ ကိုယ်စား၊၄င်းတို့၏ ကိုယ်အလေးချိန်နှင့် ညီမျှသော ငွေသားရုပ်တုပေါင်း ၄ဝ ခုတို့ကို ညီလာခံသဘင်ကျင်းပနေပုံ ငွေကိုယ်လေးအဖြစ် ဌာပနာ၏၊ တရားရှင်၏ ဓာတ်တော်နှင့် မွေရှင် တော် ၁၂ဆူကို   ရွှေကြုပ်၊ သတ္တဌာနအစုံတစ်ဌာန လျှင် ရွှေချိန်ပိဿာ၅ဝကျပ်သားစီ ဌာပနာတော်မူ၏၊ ဓာတ်တော်တိုက် အနက်ကား အတောင်၎ဝရှိ၏၊ ဘုရားပိုင်ဝတ္တကနယ်   မြေအဖြစ် ကျေးရွာ ပေါင်း ၆၄ရွာ သတ်မှတ်ပေးတော်မူ၏၊ ထို့အပြင် ဘုရားကြီးအား ထိန်း သိမ်းစောင့်ရှောက်သန့်ရှင်းရေးပြုလုပ်ရန် ငနီလာနှင့် အိမ်ထောင်စု ၁ဝစုအားဘုရားကျွန်အဖြစ် လှူတော်မူခဲ့၏၊ ဘုရားပွဲ အား တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပရန်သတ်မှတ်ပေးခဲ့၏၊ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓပူဇနိယ ပွဲတော်၊ သီတင်းကျွတ်လပြည့်နေ့တွင် ဝါကျွတ်ပွဲတော် တို့ဖြစ်လေ၏၊

နရပတိစည်သူမင်းသည် ကျေးရွာ၆၄ရွာအား ကျိန်စာဆို ဆုတောင်း၍ ရေစက်သွန်းချလေ၏။ ကျိန်စာတွင် “ငါကိုယ်တော်မြတ် သတ်မှတ်တော်မူသော ၆၄ ရွာ နယ်မြေအတွင်း၌ နေထိုင်လုပ်ကိုင် စားသောက်သူတို့သည် ငါ၏ကောင်းမှုစေတီဖြစ်သော မဟာစေတီ လှဘုရားကြီးအား ပြုပြင်မွမ်းမံခြင်း၊ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီး တို့ဖြင့် တင်လှူပူဇော်ခြင်း၊ ကောင်းမှုကို ပြုလုပ်ကြရမည်။ တောင်ယာ လယ်လုပ်ငန်းလုပ်ကိုင်စားသောက်သူတို့သည်လည်း မိမိတို့ယာခင်းကို သီးနှံမျိုးစေ့ ၅တင်းကြဲကို (၁)ပယ်တွက်၍ ထိုငွေထဲမှ ကောက်သိမ်းသူ အခွန်တော် မြေဒိုင်သူကြီးအား (၂)မူးပေးသွင်း၍ မဟာစေတီလှ ဘုရားကြီးအား (၃)ကျပ် လှူရမည်။ ငါကိုယ်တော်မြတ် ထားတော်မူခဲ့ သည့်အတိုင်း လုပ်ဆောင်ခြင်းမပြုသူတို့သည် အဝီစိငရဲ၌ ခံရပါစေ သတည်း။ ငါကိုယ်တော်မြတ် ထားတော်မူခဲ့ သည့်အတိုင်း မဟာစေတီလှ ဘုရားကြီးအား ပြုပြင်မွမ်းမံလှူဒါန်းသူတို့သည် ဘဝအဆက်ဆက် လူမင်း၊ နတ်မင်း၊ စည်းစိမ်ကိုခံစား၊ စံစားရပြီး၍ အဆုံးစွန်သော ဘဝ၌ ပွင့်တော်မူမည့် ဘုရားရှင်ကို ဦးစွာဖူးတွေ့ရလျက် အို၊ နာ၊ သေဘေးမှ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကိုရစေ၊ ရောက်စေသတည်း” ဟုပါရှိ လေ၏။   မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ်တွင် လှုပ်ခတ်ခဲ့သော ငလျင် ကြောင့် မြေခခဲ့သော ပထမငှက်ပျောဖူးတော်နှင့် ပုဂ္ဂိုလ်ထူးတစ်ဦးမှ ၁၂၆၅ခုနှစ်ခန့်တွင် ညတွင်း ချင်းအပြီး တည်သွားသော စေတီငယ် တစ်ဆူကိုလည်း ဖူးတွေ့နိုင်သလို  သာစည်ဆည်နှင့် ဆည်တော်မြင် စေတီ၊ တဝဂူဓမ္မသိဒ္ဓီဘုရား များသို့လည်း ဆက်လက် ဖူးမြော်နိုင်ပါသည်။

နိုင်ထွန်း (TGI)


LEAVE A REPLY

Please enter your comment!
Please enter your name here