ငါန်းဇွန်မြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့အား နေအိမ်အတွင်းဝင်၍ သတ်ဖြတ်မှုဖြစ်

0
271

ငါန်းဇွန်မြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်သူတို့အား နေအိမ်အတွင်းဝင်၍ သတ်ဖြတ်မှုဖြစ်

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊မရိုးကုန်းကျေးရွာ အုပ်စု၊ထနောင်းကုန်းကျေးရွာ၏ ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးလှိုင်မင်းထွန်း(၄၅)နှစ်နှင့်ဇနီးဖြစ်သူ ဒေါ်မြင့်(၅၅)နှစ်တို့သည် ဇူလိုင် ၁၈ ရက်(ယနေ့) နံနက်ပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးလှိုင်မင်းထွန်းနှင့်ဇနီးဖြစ်သူတို့ နေ အိမ်၌ရှိနေစဥ် အမည်မသိအမျိုးသား ၄ ဦးမှဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် ဦးလှိုင်မင်းထွန်းနှင့်ဇနီးဖြစ်သူတို့အား ခေါင်းဖြတ်သတ်၍ ဆိုင်ကယ်များဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here