ပထမအကြိမ်အဖြစ် လက်နက်၊ခဲယမ်းများနှင့်အ တူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၃ ဦးအားလက်ခံခဲ့ ယနေ့အထိ ပြန်လည်ဝင်ရောက်လာသူ ၂၃၁ ဦးရှိပြီဖြစ်ဟု နစက ထုတ်ပြန်

0
148

ပထမအကြိမ်အဖြစ် လက်နက်၊ခဲယမ်းများနှင့်အ တူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် ၃ ဦးအားလက်ခံခဲ့ ယနေ့အထိ ပြန်လည်ဝင်ရောက်လာသူ ၂၃၁ ဦးရှိပြီဖြစ်ဟု နစက ထုတ်ပြန်

မြိတ်မြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လက်နက်၊ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၁ ဦးတို့အား ဇူလိုင် ၁၈ ရက်ကလက်ခံခဲ့ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

မြိတ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပ ထမဆုံးအကြိမ် လက်နက်၊ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင်များအားကြိုဆို၍ လက်နက်၊ခဲယမ်းများအားလွှဲပြောင်းလက်ခံရယူကာ မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်အပ်နှံပေးခဲ့သည်။

ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ များမှာ ဘုတ်ပြင်းမြို့နယ်နှင့်တနင်္သာရီမြို့နယ်တို့မှဖြစ်ကာ တာဝန်ရှိသူများမှ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်းသူများထံပြန် လည်အပ်နှံပေးခဲ့ခြင်းဖြစ်သည်။

“လမ်းမှားရောက်နေတဲ့ လူငယ်လူရွယ်တွေကို ပြန် လည်ဝင်ရောက်ဖို့ဖိတ်ခေါ်နေတဲ့အချိန်မှာ ဆက်သွယ်ဆောင်ရွက်သွားကြဖို့ စေတနာနဲ့ တိုက်တွန်းလိုပါတယ် သက်ဆိုင်သူတွေကလည်း ဝိုင်းဝန်းကူညီပေးကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ဗိုလ် ချုပ်ဇော်မင်းထွန်းက နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။

နစက ၏ထုတ်ပြန်ချက်အရ ဇွန် ၆ ရက်မှယနေ့အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၁၈၁ ဦး၊အ မျိုးသမီး ၅၀ ဦး(စုစုပေါင်း ၂၃၁ ဦး)ရှိပြီဖြစ် ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား နစက ၏တာဝန်ရှိသူများမှထောက်ပံ့ပစ္စည်းများပေးအပ်၍ မိဘများထံသို့ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအား နိုင်ငံ တော်၏ ရှေ့လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက် ခံသွားမည်ဟု နစက မှထုတ်ပြန်ကြေညာထား သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here