လှိုင်သာယာမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး သေနတ်ဖြင့်ပစ်သတ်ခံရ

0
135

လှိုင်သာယာမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ ၆ ရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကျော်စိုးထွန်းနှင့်ရာအိမ်မှူးဖြစ်သူ ကိုဖိုးထူးတို့သည် ဇူလိုင် ၁၈ ရက်ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ယင်းနေ့ည ၉ နာရီခွဲကျော်ခန့်က ရပ်ကျေးအုပ် ချုပ်ရေးမှူးဦးကျော်စိုးထွန်းနှင့်ရာအိမ်မှူးကိုဖိုးထူးတို့အား အမည်မသိအမျိုးသားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးအား အမည်မသိအမျိုးသားများက ကျန်စစ်သားဘုရားလမ်း၊စျေးလေးမှတ်တိုင်အနီးရှိ လက်ဖက်ရည်ဆိုင်နား၌ ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးကျော်စိုးထွန်းနှင့်ရာအိမ်မှူးကိုဖိုးထူးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည်ဟု သိရသည်။

အခင်းဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ် ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here