အတွင်းဝန်ရုံး(ယခင် ဝန်ကြီးများရုံး)၌ ၇၅ နှစ် မြောက် အာဇာနည်နေ့အလံတင်အခမ်းအနားပြု လုပ်

0
644

အတွင်းဝန်ရုံး(ယခင် ဝန်ကြီးများရုံး)၌ ၇၅ နှစ် မြောက် အာဇာနည်နေ့အလံတင်အခမ်းအနားပြု လုပ်

ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်၊သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး(ယခင် ဝန်ကြီးများရုံး)၌ ၇၅ နှစ် မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အလံတင်အခမ်းအနားအား ဇူလိုင် ၁၉ ရက်(ယနေ့)နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်တက်ရောက်လာကြသူများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီးသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား နံနက် ၇ နာရီခွဲ၌ အ လေးပြုခဲ့ကြသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာ ဇာနည်ခေါင်းဆောင်ကြီးများအား မေတ္တာပို့အမျှဝေရန် ၂ မိနစ်ငြိမ်သက်ခဲ့ကြကြောင်း သိရသည်။

Photo Credit – MOI


LEAVE A REPLY

Please enter your comment!
Please enter your name here