ဥရောပစီးပွားရေး၊ယူရို​ငွေနှင့်ရုရှားဓာတ်ငွေ့အခန်းကဏ္ဍ

0
131

ဥရောပစီးပွားရေး၊ယူရို​ငွေနှင့်ရုရှားဓာတ်ငွေ့အခန်းကဏ္ဍ

ယူရိုငွေသည် ၂၀၂၂ ခုနှစ်အစပိုင်းမှစကာ ၁၂ ရာခိုင်နှုန်းနီးပါးကျဆင်းသွားပြီးအဓိကမှာ ရုရှား – ယူကရိန်းစစ်ပွဲနှင့် စွမ်းအင်စျေးကွက်၏ နောက်ဆက်တွဲလှုပ်ရှားမှုများကြောင့်ဖြစ်သည်ဟု ပညာရှင်များကသုံးသပ်ကြသည်။

ယူရိုငွေသည် အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာအောက်သို့ ကျဆင်းသွားပြီးနောက် အနည်းငယ်ပြန်တက်လာသော်လည်း ဥရောပစွမ်းအင် အကျပ်အတည်းတိုးမြင့်လာမှုသည် ယူရိုငွေကြေးကို သိသိသာသာကျဆင်းသွားစေနိုင်​သေးသည်။

“အခုလိုယူရိုတန်ဖိုးကျဆင်းရခြင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ ယူကရိန်းစစ်ကနေဖြစ်ပေါ်လာတဲ့စွမ်းအင်အကျပ်အတည်းကြောင့်ဖြစ်ပြီး ကျန်တာကတော့ တင်းမာတဲ့ US Fed ကြောင့်လို့ထင်ပါတယ်” ဟု Evercore ISI မှ အကြီးတန်းမန်နေးဂျင်းဒါရိုက်တာ James West က ပြောကြားခဲ့သည်။

ထို့အပြင် ဥရောပသည် ယခုအချိန်တွင်ဆောင်းရာသီအတွက်စွမ်းအင်လိုအပ်ချက် အကျပ်အတည်းကိုဦးတည်နေပြီဖြစ်ရာ အခြေနေတွေပိုဆိုးရန်သာရှိသည်ဟု ၎င်းကထပ်မံပြောကြားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း အနောက်အုပ်စုက ပိတ်ဆို့မှုကိုဆက်လက်လုပ်ဆောင်နေပါက အကျိုးဆက်အနေဖြင့်ကပ်ဘေးသာဖြစ်ပေါ်နိုင်ကြောင်းအသိပေးထားသည်။

အနောက်အုပ်စု၏ပိတ်ဆို့ဒဏ်ခတ်မှုအားလက်တုံ့ပြန်ရန် ပူတင်အနေဖြင့် စွမ်းအင်ထောက်ပံ့မှုကိုလက်နက်သဖွယ်အသုံးချဖို့စိတ်အားထက်သန်မှာဖြစ်​ကြောင်းစွမ်းအင်လုပ်ငန်းစုကသတိပေးထားသည်။

ရုရှားက ဂျာမဏီသို့ ဓာတ်ငွေ့ပေးပို့မှုများကို ၆၀ ရာခိုင်နှုန်း ဖြတ်တောက်ခဲ့သည်။ဥရောပသည် ဓာတ်ငွေ့လုံးဝပြတ်တောက်သွားနိုင်သည့် အခြေနေအတွက်ကြိုတင်ပြင်ဆင်​နေကြသည်။

ထိုအခြေအနေဖြစ်လာသည့်အခါ “ဂျာမဏီအနေဖြင့် သိပ်မကြာခင် စီးပွားရေးကျဆင်းမှုနှင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်မှုဆီသို့ ဦးတည်သွားလိမ့်မည်” ဟု Deutsche Bank မှ FX သုတေသနအကြီးအကဲ George Saravelos ကပြောကြားခဲ့သည်။ထိုသို့ဖြစ်လာပါက ယူရိုသည်ရှေ့လျှောက်ဆက်လက်ကျဆင်းဖို့သာရှိသည် ဟုလည်းဖော်ပြထားသည်။

ဓါတ်​ငွေ့ မ​ပေးခြင်းနှင့် ယူရို​ငွေအား​ပျော့လာခြင်းတို့သည် ဆက်စပ်လျက်ရှိသည်။”တစ်နည်းအားဖြင့်တော့ ဒါဟာရုရှားနဲ့ပတ်သက်တယ်ဆိုတာအားလုံးသိပါတယ်” ဟု​ငွေ​ကြေးအဖွဲ့ UBP မှ ဒါရိုက်တာ Olivier Konzeoue ကဆိုသည်။

Source – Business Insider


LEAVE A REPLY

Please enter your comment!
Please enter your name here