ထားဝယ်မြို့၌ ရေမြောင်းအတွင်းအမျိုးသားကြီးတစ်ဦးပြုတ်ကျသေဆုံး

0
235

ထားဝယ်မြို့၌ ရေမြောင်းအတွင်းအမျိုးသားကြီးတစ်ဦးပြုတ်ကျသေဆုံး

တနင်္သာရီတိုင်း၊ထားဝယ်မြို့၊တလိုင်သထိန်ရပ် ကွက်၊ဗိုလ်ချုပ်လမ်း၊သည်းဦးပန်းလမ်းဆုံရှိ ရေ မြောင်းအတွင်း၌ ဇူလိုင် ၁၉ ရက်(ယနေ့)နံနက်ပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအ ရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့(ထား ဝယ်)မှ သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ရေမြောင်းအတွင်း အ မျိုးသားကြီးတစ်ဦးပြုတ်ကျသေဆုံးနေကြောင်း သတင်းအရ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ် ဆောင်ရေးအဖွဲ့(ထားဝယ်)မှသယ်ဆောင်ရန်သွား ရောက်ခဲ့ကြသည်။

ထိုသို့ သွားရောက်ရာ ရေမြောင်းအတွင်း၌ အမျိုး သားကြီးတစ်ဦးသည် မှောက်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲသေဆုံးနေခြင်းဖြစ် ကြောင်း တွေ့ရှိခဲ့ရသည်။

အဆိုပါ သေဆုံးနေသူသည် ထားဝယ်မြို့၊အ နောက်ရပ်ကွက်နေ ဦးဖိုးကော်(၆၀)နှစ်ဖြစ် ကြောင်း စုံစမ်းသိရှိခဲ့ရသည်ဟု ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်)မှ သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းအား ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ (ထားဝယ်)မှ ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးမှတဆင့် ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

Photo-ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့(ထားဝယ်)


LEAVE A REPLY

Please enter your comment!
Please enter your name here