မြန်မာ့လက်ရွေးစင်အားကစားမယ် မအေးသန္တာခိုင် ရွှေတံဆိပ်ဆုဆွတ်ခူး

0
285

မြန်မာ့လက်ရွေးစင်အားကစားမယ် မအေးသန္တာခိုင် ရွှေတံဆိပ်ဆုဆွတ်ခူး

မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၅၄ ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ၂၀၂၂ တွင်မြန်မာ့လက်ရွေးစင်အားကစားမယ် မအေးသန္တာခိုင်မှ ရွှေတံဆိပ်ဆုဆွတ်ခူးပေးခဲ့သည်။

မအေးသန္တာခိုင်သည် ဇူလိုင် ၁၈ ရက်ယှဥ်ပြိုင်ခဲ့ရသည့် Modern Physics ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆုအား ထိုက်တန်စွာဆွတ်ခူးပေးနိုင်ခဲ့ခြင်းဖြစ် သည်။

မော်လ်ဒိုက်နိုင်ငံမှအိမ်ရှင်အဖြစ် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ လက်ခံကျင်းပလျက်ရှိသည့် ၅၄ ကြိမ်မြောက်၊အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲ ၂၀၂၂ အား မြန်မာနိုင်ငံ၊ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့မှ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၃ ဦးတို့ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here