ဩစတြေးလျရှိ တိရစ္ဆာန်များ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ

0
297
ဩစတြေးလျရှိ တိရစ္ဆာန်များ မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ
မဲလ်ဘုန်း၊ ဇူလိုင် ၁၉ ရက်
ဇူလိုင်လ ၁၉ ရက် အင်္ဂါနေ့၌ ဩစတြေးလျ အစိုးရက ထုတ်ပြန်သော ငါးနှစ်စာ သဘာဝပတ်ဝန်းကျင် အစီရင်ခံစာအရ ဩစတြေးလျသည် အခြားသောတိုက်ကြီးများထက် နို့တိုက်သတ္တဝါမျိုးစိတ်များ ပိုမိုဆုံးရှုံးနေကြောင်း သိရသည်။
ထို့အပြင်သြစတြေးလျသည် ကမ္ဘာ့အချမ်းသားဆုံးနိုင်ငံများတွင် တိရစ္ဆာန်မျိုးစိတ်များ ကျဆင်းလာမှုနှုန်း အဆိုးရွားဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာသည်။
ဩစတြေးလျ၌ သားရဲမျိုးစိတ်များပိုများခြင်းကလာမည့်နှစ် ၂၀ အတွင်း နို့တိုက်သတ္တဝါများမျိုးသုဉ်းပျောက်ကွယ်တော့မည့်အ​ကြောင်းတရားထဲတွင်တခုအပါဝင်ဖြစ်သည်။
ကုန်းမြေနှင့် ပင်လယ်ပြင်တွင် အပူချိန်များ တိုးလာခြင်း၊ တောမီးလောင်မှုနှင့် မိုးရွာသွန်းသည့် အချိန်ကာလများ ပြောင်းလဲခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့် သမုဒ္ဒရာ၌ အက်ဆစ်ဓာတ်များလာခြင်းတို့သည် တိရစ္ဆာန်မျိုးစိတ်များ ရှားပါလာခြင်းအပေါ် သိသာထင်ရှားစွာ အကျိုးသက်ရောက်စေသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဩစတြေးလျ သဘာဝပတ်ဝန်းကျင် ဝန်ကြီး Tanya Plibersek က အဆိုပါအစီရင်ခံစာသည် ထိတ်လန့်စရာကောင်းပြီး လက်ရှိ အစိုးရသစ်မှ သဘာဝပတ်ဝန်းကျင်နှင့် စပ်လျဉ်း၍ ဦးစားပေးလုပ်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအစီရင်ခံစာ၌ မျိုးသုဉ်းရန် အန္တရာယ်ရှိနေသော တိရစ္ဆာန်မျိုးစိတ်အရေအတွက်သည် ၂၀၁၉ -၂၀၂၀ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သော တောမီးကြောင့် သိသာသာသာ မြင့်တက်လာခဲ့ပြီး ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာထက် ၈ ရာခိုင်နှုန်း တိုးလာသည်။
အထက်ပါ ၂၀၁၉-၂၀၂၀ ခုနှစ် ၌ဖြစ်ပွားခဲ့သည့် ‘မဟူရာ​နွေ’ တောမီးကြောင့် ခန့်မှန်းခြေ တိရိစ္ဆာန် ၁ ဘီလီယံမှ ၃ ဘီလီယံခန့် သေဆုံးခဲ့ပြီး ကိုအားလား မျိုးစိတ်တို့ နေထိုင်ရာ ပတ်ဝန်းကျင်၏ ၉ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်ခဲ့သည်။
မျိုးသုဉ်းရန် အန္တရာယ်ရှိနေသည့် မျိုးစိတ်များ ပြန်လည်ပွားများလာစေရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ သုံးစွဲရန် လိုအပ်နေသည်ဟုလည်း အစီရင်ခံ၌ ရေးသားထားသည်။
Source: CNA

LEAVE A REPLY

Please enter your comment!
Please enter your name here