ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆၀၀၀ ကျော်ကို အလုပ်သမား သက်သေခံကတ်များ ထုတ်ပေးနိုင်ခဲ့ဟုဆို

0
234

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆၀၀၀ ကျော်ကို အလုပ်သမား သက်သေခံကတ်များ ထုတ်ပေးနိုင်ခဲ့ဟုဆို

အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်မှ ၂၀၂၂ ခုနှစ်နှစ် ဇွန်လ အထိ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆၀၀၀ ကျော်ကို အလုပ်သမား သက်သေခံ ကတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ယင်းသို့ သက်သေခံ ကတ်ထုပ်ပေးခဲ့သည့် အလုပ်သမားများမှာ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့် လည်းကောင်း၊ ခွင့်ပြန်/ PR ဖြင့်လည်းကောင်း ပြည် ပသို့ ထွက်ခွာကြမည့် အလုပ်သမားများဖြစ်သည်ဟုလည်း အလုပ်သမား ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

အဆိုပါ အလုပ်သမားဝန်ကြီးဌာန၏ စာရင်းအရ ထိုင်းနိုင်ငံသို့ ၁၁,၁၂၃ ဦး၊ စင်ကာပူနိုင်ငံသို့ ၁၀,၅၆၁ ဦး၊ ကိုရီးယားနိုင်ငံသို့ ၂,၀၈၃ ဦး၊ ဂျပန်နိုင်ငံသို့ ၇,၅၅၈ ဦး၊ မလေးရှားနိုင်ငံသို့ ၃,၂၈၆ ဦးအပါအဝင် ပြည်ပနိုင်ငံ ၅၇ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၃၆, ၃၆၅ ဦး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သည် ဇူလိုင်လ (၁၈) ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် စေလွှတ်ရန် Trade Win အေဂျင်စီအပါအ ဝင် အေဂျင်စီ(၈) ခုတို့မှ အလုပ်သမား ၈၅၁ ဦးတို့ကို အ လုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနေမှုနှင့် Golden Plant အေဂျင်စီ အပါအဝင် အေ ဂျင်စီ (၃) ခုတို့မှ အမျိုးသား ၄၃၀၊ အမျိုးသမီး ၃၇၀ ၊ စုစု‌ ပေါင်း ၈၀၀ တို့ကို OWIC ပြုလုပ်ပေးနေမှုကို သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများကိုလည်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ယင်းသို့ လုပ်ဆောင်ပေးလျက်ရှိရာ အလုပ်သမားဝန်ကြီး ဌာန အနေဖြင့် ၂၀၂၂ ခုနှစ် မတ် (၂၅) ရက်မှ ဇွန် (၃၀) ရ က်အထိ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်မည့် အလုပ်သမား ၃၉၉, ၃၉ ဦးကို အလုပ်ခန့်ထားမှုဆိုင် ရာ သဘောတူစာချုပ် ချုပ်ဆိုပေးနိုင်ခဲ့ကြောင်း ဝန်ကြီး ဌာန စာရင်းဇယားများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here