စားအုန်းဆီ တစ်ပိသာ ၃၆၆၅ ကျပ်ဖြင့် ရောင်းရန် ညွှန်ကြားထားသော်လည်း ဈေးကွက်အတွင်း ၉၀၀၀ ဝန်း ကျင်ထိ ပေးဝယ်နေရ

0
320

စားအုန်းဆီ တစ်ပိသာ ၃၆၆၅ ကျပ်ဖြင့် ရောင်းရန် ညွှန်ကြားထားသော်လည်း ဈေးကွက်အတွင်း ၉၀၀၀ ဝန်း ကျင်ထိ ပေးဝယ်နေရ

စားအုန်းဆီ ရည်ညွှန်းဈေးနှုန်းများ လျှော့ချသတ်မှတ်နေသော်လည်း ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း ပြည်သူအများစုထံမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက် အောက်ရှိ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ယခုအပတ်အတွက် စားသုံးဆီ ရည်ညွှန်းဈေးကို တစ်ပိသာလျင် ၃၆၆၅ ကျပ်ဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။

” ဆီဈေးလား ။ ဘယ်မှာ သွားကျတာလဲ ။ အခု ၉၀၀၀ နားကပ်နေပြီ။ မနေ့က ဝယ်တာ တစ်ပိသာကို ၈၆၀၀ ပေးရတယ် ” ဟု ရွှေပြည်သာမြို့နယ်အတွင်းမှ ပြည်သူတစ်ဦးက ပြောသည်။

ယင်းသို့ သတ်မှတ်ထားသော်လည်း မြေပြင်ဈေးကွက်အ တွင်း၌ စားသုံးဆီ ဈေးနှုန်း အဆမတန်မြင့်တက်နေပြီး တစ်ဆင့်ပြန်လည်ရောင်းချသည့် ဈေးဆိုင်များပင်လျင် တစ်ပိသာ ၇၅၀၀ ကျပ်‌ပေးဝယ်နေရသည့်အတွက် ပြန် လည်ရောင်းချသည့်အခါ ၈၀၀၀ကျော်မှ ၉၀၀၀ ဝန်းကျင် အထိ မြို့နယ်နှင့် ရပ်ကွက်အလိုက် ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကြကြောင်း သိရသည်။

” ဝယ်ဈေးက ၇၅၀၀ ။ ပြန်ရောင်းတာတော့ ၉၀၀၀ ပြန်ရောင်းတယ်” ဟု ရွှေပြည်သာ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီး ကြပ်ရေးကော်မတီက ဇူလိုင်လ (၁၈) ရက်မှ (၂၄) ရက်အထိ တစ်ပိသာ ၃၆၅၀ ကျပ်နှုန်းဖြင့် ရောင်းချရန် ညွှန်ကြားထားခြင်းဖြစ်ပြီး ရပ်ကွက်အချို့တွင် ဆီကုန်သည်အသင်းများမှ လိုက်လံရောင်းချပေးမှုများလည်းရှိသည်။

ဇူလိုင်လ (၁၇) ရက်မှ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးဆီတင်သွင်းသော ကုမ္ပဏီများမှ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် အဆိုပါ ရည်ညွှန်းဈေးအတိုင်း လိုက်လံရောင်းချပေးမှုများလည်း ရှိသည်။

စားအုန်းဆီရည်ညွှန်းဈေးနှုန်း သတ်မှတ်ပေးခြင်းမှာ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်ရေးကို ထိန်းကျောင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း လည်းအ ဆိုပါ အသင်းကဆိုသည်။

ဇူလိုင်လ (၁၇) ရက်မှ စတင်ပြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် စားသုံးဆီတင်သွင်းသော ကုမ္ပဏီများမှ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ သာကေတ၊ လှည်းကူး၊ မှော်ဘီ၊ ဒဂုံအရှေ့၊ ဒဂုံ မြောက်၊ စမ်းချောင်းနှင့် လှိုင်မြို့နယ်တို့တွင် မော်တော်ယာဉ်များဖြင့် လိုက်လံရောင်းချပေးနေကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း၌ နိုင်ငံခြားငွေ ကန်ဒေါ်လာဈေး အဆမတန်မြင့်တက်နေမှုကြောင့် အခြေခံစားသောက် ကုန် ကုန်ဈေးနှုန်းများ တရိပ်ရိပ်ဖြင့် မြင့်တက်လာနေရာ ပြည်သူလူထုအ နေဖြင့် စားဝတ်နေရေး အခက်အခဲများ ပိုမိုကြုံတွေ့လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေ သည်။

စားအုန်းဆီ‌ဈေနှုန်းနှင့် ပတ်သက်၍လည်း ဈေးတင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သို လှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ ထိထိရောက်ရောက်အရေးယူသွားမည်ဟု နစကက ပြောဆိုထားသော်လည်း စျေးနှုန်းများသိသာစွာကျဆင်းသွားသည်ကိုမတွေ့ရှိရသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here