တစ်ခါသုံးထုတ်ကုန်များနှင့်ထုပ်ပိုးမှုအပေါ် မှီခိုနေရ​သော စီးပွားရေးပုံစံကို အဆုံးသတ်ဖို့လိုအပ်

0
237

တစ်ခါသုံးထုတ်ကုန်များနှင့်ထုပ်ပိုးမှုအပေါ် မှီခိုနေရ​သော စီးပွားရေးပုံစံကို အဆုံးသတ်ဖို့လိုအပ်

နယူးဒေလီ၊ဇူလိုင် ၁၆
အိန္ဒိယအစိုးရက တစ်ခါသုံးပလပ်စတစ်တွေကိုမသုံးရန်တွန်းအားပေးနေသော်လည်းပလပ်စတစ်အိတ်ဖြင့်​စျေးဝယ်သူကိုထည့်​ပေးခြင်းမှာ ဆယ်စုနှစ်သုံးစုကြာ နေ့စဉ်ပြုလုပ်ခဲ့သောအလေ့အထ​ဖြစ်​နေ​သောကြောင့် နိစ္စဓူဝအလေ့ကျင့်ကိုပြင်လို့မရကြသေးပေ။

ယခုလအထိ အိန္ဒိယနိုင်ငံတွင် တစ်ခါသုံး ပလပ်စတစ် အမျိုးအစား ၁၉ မျိုးကို တားမြစ်ထားသည်။ယခုအပြောင်းအလဲအတွက် ကုန်ကျစရိတ်များတိုးလာမည်ဟုလည်း ဝေဖန်သူများရှိ​နေခဲ့သည်။

စျေးသည်အချို့က​တော့ မူဝါဒကိုလှောင်ပြောင်ရင်းသုံးနေကျအိတ်အရေအတွက်ကိုမလျှော့နိုင်ကြောင်းဆိုကြသည်။

ပိုက်များ၊ပလပ်စတစ်ခွက်များ၊မီးဖိုချောင်သုံးပလတ်စတစ်ပစ္စည်းများသည် တားမြစ်ချက်ထဲပါရှိသည့် ပစ္စည်းများဖြစ်သည်။ဖောက်ဖျက်ကျူးလွန်သူများသည် ထောင်ဒဏ်ငါးနှစ်၊ ဒဏ်ငွေ ရူပီး ၁၀၀,၀၀၀ (ဒေါ်လာ ၁၂၀၀) သို့မဟုတ် ဒဏ်နှစ်ရပ်လုံးအထိချမှတ်ခံရနိုင်သည်။ဇူလိုင်လဆန်းပိုင်းကတည်းက ချမှတ်ခဲ့သောစည်းမျဉ်းစည်းကမ်းများကြောင့် မြင်သာသောအပြောင်းအလဲများ​တော့ရှိခဲ့သည်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်ရှိပြီး ပြင်းထန်သောစီးပွားရေးဖိအားများ ရင်ဆိုင်နေရသည့်ကာလအတွင်း စည်းကမ်းလိုက်နာရေးနှင့်ပတ်သက်သည့် စိန်ခေါ်မှုများ​တော့ရှိသည်။

ပလပ်စတစ်အမှိုက် ၆၀ ရာခိုင်နှုန်းခန့်ကို ပြန်လည်အသုံးပြုပါသည်ဟု အစိုးရကပြော​သော်ငြားသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် သိပ္ပံနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစင်တာမှ ၂၀၁၉ ခုနှစ်စစ်တမ်းတစ်ခုအရ အိန္ဒိယနိုင်ငံတွင် ၁၂ ရာခိုင်နှုန်းသာ စွန့်ပစ်ပလပ်စတစ်များကိုအမှန်တကယ်ပြန်လည်အသုံးပြု​ကြောင်း​တွေ့ရသည်ဟုဆိုသည်။

Greenpeace India Campaign မန်နေဂျာ Avinash Chanchal က“ပလပ်စတစ်က လူ့အသိုင်းအဝိုင်းကို အဆိပ်သင့်စေပြီး သမုဒ္ဒရာတွေကိုလဲ ညစ်နွမ်းပျက်စီးစေပါတယ်” ဟု ၎င်းကဆိုသည်။”တစ်ခါသုံးထုတ်ကုန်တွေနဲ့ထုပ်ပိုးမှုအပေါ် မှီခိုနေရတဲ့ စီးပွားရေးပုံစံကို ကျွန်တော်တို့အဆုံးသတ်ဖို့လိုအပ်ပါတယ်” ဟုလည်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

နိုင်ငံတကာ ကမ်းရိုးတန်းသန့်ရှင်းရေးအဖွဲ့ ၏ အစီရင်ခံစာအရ ထုပ်ပိုးမှုလုပ်ငန်းသည် ပလပ်စတစ်အမှိုက်ပြဿနာ၏ နောက်ကွယ်ရှိ အဓိကတရားခံများထဲမှ တစ်ခုဖြစ်သည်ဟုဖော်ပြထားသည်။

ဈေးရောင်းချသူများအသုံးပြုသည့် ပလတ်စတစ်အိတ်များနှင့် ပတ်သက်လာလျှင် သိသာထင်ရှားသော အခြားရွေးချယ်စရာတစ်ခု ရှိသည်မှာဝယ်သူများအား မိမိတို့၏ကိုယ်ပိုင်အိတ်များ ယူဆောင်လာရန် ​စျေးသည်များစုပေါင်းတောင်းဆိုခြင်းပင်ဖြစ်သည်။

တစ်ခါသုံးပလပ်စတစ်ပစ္စည်းများကို ငြင်းဆန်ရာတွင် နိုင်ငံသားများအတွက် ပိုမိုလွယ်ကူစေရန် အစိုးရအနေဖြင့်ပိုကြိုးစားရန် လိုအပ်သည်ဟု တက်ကြွလှုပ်ရှားသူများကဆိုသည်။”အစိုးရအနေဖြင့် ပလပ်စတစ်လုပ်ငန်းကို မှီခိုနေရသူများအား ၎င်းတို့၏အသက်မွေးဝမ်းကြောင်းအတွက် အထောက်အပံ့ဖြစ်စေရန် တရားမျှတသည့် အသွင်ကူးပြောင်းရေး အစီအစဉ်တစ်ခု ချမှတ်သင့်ပါတယ်” ဟု မစ္စတာ Chanchal ကပြောကြားခဲ့သည်။

” မူလအရင်းခံဓလေ့အတိုင်း ပြန်နေထိုင်လိုက်ရုံလေးနဲ့ သဘာဝပတ်ဝန်းကျင်အတွက်အထောက်အကူဖြစ်စေမယ့် အဖြေကရှိနေပြီးသားပါ။ရိုးရာဓလေ့အတိုင်း ငှက်ပျောရွက်ကဲ့သို့​သော သဘာဝ ထုပ်ပိုးပစ္စည်းတွေနဲ့ တစ်ခါသုံးပလပ်စတစ်ပစ္စည်း‌တွေကိုအစားထိုးအသုံးပြုနိုင်တဲ့ eco-friendly ဖြေရှင်းနည်း အမြောက်အများလည်းရှိပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။

Source – Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here