၂ နှစ်ကျော်ရပ်နားထားသည့် Yangon Water Bus အား အောက်တိုဘာ ၁ ရက်မှစတင်ပြန်လည်ပြေးဆွဲမည်

0
115

၂ နှစ်ကျော်ရပ်နားထားသည့် Yangon Water Bus အား အောက်တိုဘာ ၁ ရက်မှစတင်ပြန်လည်ပြေးဆွဲမည်

Yangon Water Bus ၏ခရီးစဥ်များအား ရပ်နားထားသည်မှာ ၂ နှစ်ကျော်ကြာပြီးနောက် အောက် တိုဘာ ၁ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြေးဆွဲရာတွင် ပဏာမလမ်းကြောင်းအဖြစ် ဗိုလ်တထောင်၊ပန်းဆိုးတန်း၊လမ်းသစ်၊ဆာပါချောင်၊အံ့ကြီး မှတ်တိုင်များသို့ပြေးဆွဲပေးသွားမည်ဖြစ်ကာ KPay , CB Pay , WAVE Pay တို့အားအသုံးပြုကာ ငွေပေးချေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အများပြည်သူအပန်းဖြေရန် ခရီးတိုလမ်း ကြောင်းများကိုလည်း ပြန်လည်ပြေးဆွဲသွားရန် ၇၅ ရာခိုင်နှုန်းရေးဆွဲပြင်ဆင်ပြီးဖြစ်ကာ သက် ဆိုင်ရာဌာနများနှင်ချိတ်ဆက်၍ ပြန်လည်ပြေးဆွဲနိုင်ရန်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Photo-Yangon Water Bus


LEAVE A REPLY

Please enter your comment!
Please enter your name here