အနောက်အုပ်စုကရုရှားကို ဖယ်ကျဥ်မထားနိုင်ဟု ပူတင်ဆို

0
188

အနောက်အုပ်စုကရုရှားကို ဖယ်ကျဥ်မထားနိုင်ဟု ပူတင်ဆို

မော်စကို၊ဇူလိုင်လ၂၀

ရုရှားကို ကမ္ဘာ့အသိုင်းအဝိုင်းမှဖယ်ထုတ်ရန် မဖြစ်နိုင်ကြောင်းနှင့် အနောက်နိုင်ငံများက ချမှတ်ထားသော ပိတ်ဆိုအရေးယူမှုများသည် ရုရှားနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုကို မဆုတ်ယုတ်စေနိုင်ကြောင်းရုရှားသမ္မတဗလာဒီမာပူတင်ကပြောခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းသိုတပ်ဖွဲဝင်များ စေလွှတ်ပြီးကတည်းက ရုရှားသည် ကမ္ဘာ့စီးပွားရေးအသိုင်းအဝိုင်းမှကျဥ်သည့်အနေဖြင့် အနောက်နိုင်ငံများ၏ ပိတ်ဆိုအရေးယူမှုဒဏ်ကိုခံခဲ့ရသည်။

“ကျွန်တော်တိုနိုင်ငံကို ကန့်သတ်ချုပ်ချယ်မှုတွေသာမက နိုင်ငံခြားကအဆင့်မြင့်နည်းပညာသုံး ထုတ်ကုန်တွေထိပါ လက်လှမ်းမီသလောက် တမင်ရည်ရွယ်ချက်ရှိရှိ လိုက်ပိတ်နေတာပါ” ဟု ပူတင်က တနင်္လာနေ့ကအစိုးရပုဂ္ဂိုလ်များနှင့် ဗီဒီယိုကွန်ဖရင့်တွင်ပြောဆိုခဲ့သည်။

“ဒါဟာ ကျွန်တော်တိုနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဆိုတာ သိသာပါတယ်။ ဒါပေမယ့် ကျွန်တော်တိုတွေအရှုးမပေးသလို ဖရိုဖရဲဖြစ်နေမှာလဲ မဟုတ်ဘူး။တစ်ချိုတွေခန့်မှန်းသလို တိုးတက်မှုတွေဆယ်စုနှစ်တစ်စုစာ နောက်ပြန်ဆုတ်သွားမှာမျိုးလဲမဟုတ်ပါဘူး” ဟုပြောခဲ့သည်။

ရုရှားသည် ၎င်း၏ပြည်တွင်းနည်းပညာနှင့် နည်းပညာကုမ္ပဏီများကို ဖွံဖြိုးတိုးတက်အောင်လုပ်ဆောင်ရမည်ဟု ပူတင်ကပြောကြားခဲ့သည်။ဘဏ္ဍာရေးဝန်ကြီး Anton Siluanov က ရုရှားနည်းပညာကဏ္ဍအတွက် ပံ့ပိုးကူညီမှုသည် ဦးစားပေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

အီးယူ၏ စွမ်းအင်ထောက်ပံ့မှုကို ခြိမ်းခြောက်နေသော်လည်း မော်စကိုအပေါ် ချမှတ်ထားသော ပိတ်ဆိုအရေးယူမှုများ‌ အောင်မြင်နေသည်ဟု အီးယူ၏ နိုင်ငံခြားရေးဝန်ကြီးများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းအပတ်က ဟန်ဂေရီ အမျိုးသားရေးဝါဒီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ကမူ အဆိုပါမူဝါဒကိုရှုချခဲ့ပြီး ဘရပ်ဆဲလ်သည် မော်စကိုထက် ဥရောပကိုပိုမိုထိခိုက်စေသည်ဟု ပြောဆိုခဲ့သည်။

“ပိတ်ဆိုအရေးယူမှုဟာ အမှားတစ်ခုပဲလို ဥရောပခေါင်းဆောင်တချိုက ပြောနေကြပါတယ်” ဟု EU မူဝါဒရေးရာ အကြီးအကဲ Joseph Borrell က တနင်္လာနေ့ကဌာနချုပ်တွင်ကျင်းပခဲ့သော ရုရှားအပေါ်ဖိအားတိုးမြှင့်ရေးနှင့် ပိတ်ဆိုမှုတွင်ကယ်ပေါက်မရှိစေရန် ဆွေးနွေးကြသည့်အစည်းအဝေးတွင် မီဒီယာများအားပြောကြားခဲ့သည်။

Source – Aljerzeera


LEAVE A REPLY

Please enter your comment!
Please enter your name here