ဈေးကွက်အတွင်း ရွှေအလုံအလောက်ရှိနေသည့်အတွက် ရွှေဈေး အဆမတန် မတက်နိုင်ဟု ရွှေအသင်းတာဝန်ရှိသူ ပြော

0
236

ဈေးကွက်အတွင်း ရွှေအလုံအလောက်ရှိနေသည့်အတွက် ရွှေဈေး အဆမတန် မတက်နိုင်ဟု ရွှေအသင်းတာဝန်ရှိသူ ပြော

ဈေးကွက်အတွင်း ရွှေအလုံအလောက်ရှိသည့်အပြင် ရောင်းလိုအားနှင့် ဝယ်လိုအား မျှနေသည့်အတွက် ရွှေဈေးနှုန်း အဆမတန် မြင့်တက်လာမည်ကို ပူစ ရာမလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုကြောင့် မြန်မာ့ရွှေဈေးကွက်တွင် ဈေးနှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေနေ ရှိမရှိ ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြန် လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” ကုန်သည်တွေရဲ့ သဘောသဘာဝအရ အမြတ်ရှာကြတဲ့ အပိုင်းတွေတော့ နည်းနည်း ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်း ဒီလောက်မတက်နိုင်ပါဘူး။ ပစ္စည်း ကျွန်တော်တို့ ဆီမှာ အလုံအလောက် ရှိပါတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။

လက်ရှိတွင် မြန်မာ့ရွှေဈေးကွက်အတွင်း (၁)ကျပ်သားလျှင် ၂၁ သိန်း အောက်သာ ပေါက်ဈေးရှိနေပြီး ဝယ်လို အားအနေဖြင့် အဝယ်အေးနေကြောင်းလည်း သိရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးကွက်၌ ဈေးနှုန်း သိသိသာသာကျနေသော်လည်း မြန်မာ့ရွှေဈေး မြင့်နေရခြင်းမှာ လတ်တ လောဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်း မြင့်တက်မှုအပါအဝင် ရွှေတူးဖော်သူ များ၏ အထွေထွေစရိတ်မြင့်တက်လာမှုကြောင့်လည်းဖြစ်ကြောင်း ဦးမျိုးမြင့်က ပြော သည်။

” ပြည်တွင်းမှာက ကိစ္စ နှစ်ခုရှိတယ်ပေါ့။ တစ်က ဒေါ်လာဈေး တက်လာတယ်။ နှစ်ကတော့ တွင်းတူးတဲ့နေရာမှာ ဆီဈေးတက်လာပြီးတော့ ကုန်ကျစရိတ်တွေ များပြီးတော့ ဈေးနှုန်း တက်လာတာလဲ ပါတယ်ဗျ” ဟု ၎င်းက ဆို သည်။

ယခင်က ဈေးနှုန်းအဆမတန် တက်ရခြင်းမှာ ကုန် သည်အချို့၏ ဈေးကစားခဲ့မှုကြောင့်ဖြစ်ပြီး လက်ရှိတွင် ယင်း ကဲ့သို့ ဈေးကစားမှုများ မပြုလုပ်ကြရန် စည်းရုံးပြောဆိုမှုများ ပြုလုပ်ထားကြောင်းလည်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းက ရွှေဈေး နှုန်းနှင့် ပတ်သက်၍ နေ့စဉ်ရည်ညွှန်းဈေးအနေဖြင့် ကြမ်းခင်း ဈေးသတ်မှတ်ပေးနေပြီး အဆိုပါ ကြမ်း ခင်းဈေးအပေါ်တွင်သာ အရောင်းအဝယ် ပြုလုပ်နေကြခြင်းဖြစ်ကြောင်း လည်း သိရသည်။

တကယ်ဆိုရင်ပြည်တွင်းမှာရွှေကအများအပြားလည်းထွက်တဲ့အပြင် ဗဟိုဘဏ်မှာလည်းရွှေ အလုံအလောက်ရှိတယ်လို့သိရတယ်။ ကိုယ့်ဖက်ကရွှေကိုစျေးနှုန်းထိန်းညှိကစားရင် ဒေါ်လာစျေးကိုပါပြန်ထိန်းနိုင်လိမ့်မယ်ဟု ကုန်သည်တဦးကဆိုသည်။

ဈေးကွက်အတွင်း၌ ဇူလိုင်လ (၁၆) ရက် ညနေပိုင်း အပိတ်ဈေးအနေဖြင့် အကယ်ဒမီ မီးလင်းရွှေ (၁) ကျပ်သားလျင် ၂၀၄၅ ၀၀၀ ကျပ် ပေါက်ဈေးရှိရာမှ ဇူလိုင်လ (၂၀) ရက်တွင် ၂၀၆၀၀၀၀ အထိ ဈေး ပေါက်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်း ကြမ်းခင်းဈေး များအရ သိရသည်။

လက်ရှိတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁) အောင်စ လျင် အမေရိကန်ဒေါ်လာ ၁၇၁၇ ဒေါ်လာအထိ ကျဆင်းနေပြီး ဆက်လက်၍ကျဆင်းလာနိုင်သည့် အခြေ အ နေရှိသည့်အတွက် နယ်စပ်များမှ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ အလုံးအရင်းနှင့် ဝင်ရောက်လာမည်ကို ရွှေလုပ်ငန်း လုပ်ကိုင်သူများအကြား စိုးရိမ် မှုများလည်း ရှိနေကြသည်။

ယင်းသို့ စိုးရိမ်မှုများ ရှိနေသော်လည်း နယ်စပ်ဖြတ်ကျော်တင်သွင်းမှုများ မရှိစေရေးအတွက် ယင်းသို့ လုပ်ဆောင်သူများကိုလည်း ရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ပြောဆိုစည်းရုံး ထားကြောင်းလည်း သိရသည်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေး သတ်မှတ်ချက်အရ ယနေ့ ဇူလိုင်လ (၂၀) ရက်တွင် အကယ်ဒမီ မီးလင်းရွှေ (၁) ကျပ်သားလျင် ၂၀၆၀၀၀၀ ကျပ် ဈေးပေါက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here