ကမ္ဘာလှည့်ဖျော်ဖြေပွဲများကို ဂျက်တင်ဘီဘာပြန်စတော့မည်

0
143

ကမ္ဘာလှည့်ဖျော်ဖြေပွဲများကို ဂျက်တင်ဘီဘာပြန်စတော့မည်

ကမ္ဘာကျော် ပေါ့အဆိုတော် ဂျက်စတင်ဘီဘာသည် “Justice” ဟုအမည်ပေးထားသော ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေမည့် ခရီးစဉ်များကို ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ ပြန်လည်စတင်တော့မည်ဖြစ်သည်။

ဂျက်စတင်သည် ၎င်း၏ ညာဖက်မျက်နှာတစ်ခြမ်းအား အကြောသေစေခဲ့သည့် Ramsay Hunt ရောဂါကြောင့် မြောက်အမေရိကတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲနေ့ရက်များကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။

ဂျက်စတင်သည် အီတလီနိုင်ငံ၌ ပြုလုပ်မည့် လူးကာ နွေရာသီပွဲတော်တွင် ဖျော်ဖြေခြင်းဖြင့် ၎င်း၏ခရီးစဉ်ကို ပြန်စမည်ဖြစ်သည်။

ထို့နောက် ဩဂုတ်လတွင် ဥရောပ နှင့် စက်တင်ဘာလတွင် တောင်အမေရိက၌ ဖျော်ဖြေသွားမည်ဖြစ်သည်။ ဆက်လက်၍ ဂျပ်စတင်သည် တောင်အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ၊ အာရှ၊ ဩစတြေးလျနှင့် နူးဇီလန် တို့အထိပါ ခရီးဆက်သွားမည် ဖြစ်ကြောင်း သိရသည်။

အထက်ပါပွဲများကိုဖျော်ဖြေပြီးပါက ဂျက်စတင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ မတ်လအထိတွင် ဥရောပသို့ ပြန်လည်သွားရောက် ဖျော်ဖြေမည်ဖြစ်သည်။

ဂျက်စတင်ဘီဘာ၏ စင်္ကာပူဖျော်ဖြေပွဲခရီးစဉ်ကို အောက်တိုဘာလ ၂၅ ရက်နေ့၌ အမျိုးသားအားကစားကွင်းတွင် ပြုလုပ်သွားရန် စီစဉ်ထားသည်။

သို့ရာတွင် ဂျက်စတင်သည် ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် မြောက်အမေရိက ဖျော်ဖြေပွဲများအတွက် အစားပေးမည့်ရက်ကိုမူ မကြေငြာ‌‌ သေးပေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here