သီရိလင်္ကာယာယီသမ္မတ ရွေးကောက်ခံသမ္မတအသစ်ဖြစ်လာ

0
97

သီရိလင်္ကာယာယီသမ္မတ ရွေးကောက်ခံသမ္မတအသစ်ဖြစ်လာ

ကိုလံဘို၊ဇူလိုင် ၂၀

ယာယီသမ္မတတာဝန်ယူထားသော ယခင်ဝန်ကြီးချုပ်ဟောင်း Ranil Wickremesinghe သည်သီရိလင်္ကာ၏ရွေးကောက်ခံသမ္မတအသစ်ဖြစ်လာခဲ့သည်။သီရိလင်္ကာ လွှတ်တော်အမတ်များသည် ယာယီသမ္မတ Ranil Wickremesinghe အား သမ္မတသစ်အဖြစ် ဗုဒ္ဓဟူးနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ခက်ခဲနေသော စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းမှ တိုင်းပြည်ကို ဆွဲထုတ်နိုင်မည်ဟုမျှော်လင့်ကြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ Ranil Wickremesinghe ကို အဋ္ဌမမြောက် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည်” ဟု လွှတ်တော်က မဲရေတွက်ပြီးနောက်ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသားအများစု လက်မခံနိုင်သော Wickremesinghe ၏အနိုင်ရရှိမှုသည် လပေါင်းများစွာ လောင်စာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အကြီးအကြယ်ပြတ်တောက်ပြီးနောက် အာဏာရ အထက်တန်းလွှာကို ဒေါသထွက်နေသော လူများက ဆန္ဒပြမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဆန္ဒပြပြည်သူအများအပြားကပြောကြားခဲ့သည်။

အခြားအဓိကကိုယ်စားလှယ်လောင်း ဖြစ်သည့် အာဏာရပါတီအမတ် Dullas Alahapperuma သည် ဆန္ဒပြသူများနှင့် အတိုက်အခံများကလက်ခံနိုင်သည့် သမ္မတလောင်းဖြစ်သော်လည်း ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှအကူအညီနှင့်သွင်းကုန်အတွက် ပြည်ပငွေလုံးဝပြတ်နေသောတိုင်းပြည်အတွက် အုပ်ချုပ်မှုအတွေ့အကြုံကောင်းကောင်းမရှိသူဖြစ်နေသည်။

အဖွဲ့ဝင် ၂၂၅ ဦးရှိသည့်ပါလီမန်တွင် Wickremesinghe က ၁၃၄ မဲနှင့် Alahapperuma က ၈၂ မဲရရှိခဲ့သည်။ တတိယသမ္မတလောင်း Anura Kumara Dissanayaka ကမူသုံးမဲသာရရှိခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here